ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(8)
Chapter-94
လင်ထန်းချန်က ယီယွမ်ကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ယီယွမ်...မင်းက ငါ့ကို ဒေါသထွက်စေခဲ့ပြီ…..”
လင်ထန်းချန်၏ အော်ရာများက ရုတ်တရက် အားပြင်းလာပြီး ပတ်ဝန်းကျင်မှ စွမ်းအင်များက လင်ထန်းချန်ဆီသို့ အရူးအမူး ဝန်းရံလာခဲ့၏။
ယီယွမ်က ထိုအရာကို မြင်သော် သူ၏ မျက်နှာအမူအရာက အလွန်တည်ငြိမ်သွားပေသည်။
“ မြန်မြန် ကြည့်လိုက်ကြ...ဂိုဏ်းတူအစ်ကိုကြီးလင်..သူက အဆင့်တက်နေပြီ...သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်အဆင့် ကို တက်ရောက်မလို့ပဲ…..”
“ ဂိုဏ်းတူအစ်ကိုကြီး လင် က အစောကြီးကတည်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်ကို တက်ရောက်နိုင်နေပြီ...သူက မြေကမ္ဘာအဆင့် စမ်းသပ်စစ်ဆေးခြင်း အတွက်ပဲ သူ့စွမ်းအင်ကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် တစ်ပိုင်းအဆင့် မှာ ရပ်ထားခဲ့တာ…..”
“ အားရို့… ဂိုဏ်းတူအစ်ကိုကြီး လင် ကို ယီယွမ်က ဖိအားပေးနေခဲ့တာကိုး...သူက အဋ္ဌမအလွှာ ကို အောင်မြင်ခဲ့မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ...ဒါက စွမ်းအားရဲ့ သုံးဆယ့်နှစ်ဆမဟုတ်လား…..”
“ ဟုတ်တယ်...ယီယွမ်က အလွန်သန်မာတယ်...သူက အဆင့်(6)ချီစွမ်းအင်အဆင့် နဲ့ ဂိုဏ်းတူအစ်ကိုကြီးလင် လို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ကို ဒီလိုအခြေအနေရောက်အောင် တိုက်ခိုက်နိုင်ခဲ့တာ...ဒါပေမဲ့ ဒါတွေက အဆုံးသတ်ပြီ...ဂိုဏ်းတူအစ်ကိုကြီးလင် က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ကို အဆင့်တက်သွားပြီး ယီယွမ်က ဝှက်ဖဲအကုန်သုံးပြီးပြီ ထင်တယ်...ယီယွမ်နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး…..”
လူအများက ယီယွမ်ကို သနားနေကြပြီ ဖြစ်၏။ လင်ထန်းချန်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် တစ်ပိုင်းအဆင့်တွင် ယီယွမ်က အားစိုက်တိုက်ခိုက်နိုင်ခဲ့၏။ ယခု လင်ထန်းချန် က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်သို့ တက်ရောက်နေပြီ ဖြစ်၍ ယီယွမ်က သူ့အား မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်နည်း။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...