Chapter 26

4.4K 537 0
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 26

"ဟဟဟ!!!ဥာဏ်နည်းတဲ့သူတွေက သူတို့ချမ်းသာမှုကြောင့် ဒုက္ခ ရောက်ရတတ်တယ်...ညီလေးထန်က ဒန်ဝူအကယ်ဒမီကို ပြန်ရောက်ရင် "ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"အကြောင်း သူများတွေ မသိစေနဲ့.... ဒါမှမဟုတ်ရင် အကျိုးဆက်တွေက ပြောလို့မရအောင်ဖြစ်လာလိမ့်မယ်......"

ဝမ်ဒွန်ဟိုင် က"စွမ်းအင်စုစည်းဆေးလုံး"ကြောင့် သင်းရနံ့ဆေးဂေဟာကို နာမည်ဖျက်နိုင်မည်ထင်သော်လည်း "ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"က သူ၏ ဆေးလုံးထက် ပို၍ အစွမ်းထက်သည်ကိုသာ သိခဲ့ပါက သွေးအန်လောက်ပေမည်။

ယီယွမ်၏ အတိတ်ဘဝတွင် ဂုဏ်သိက္ခာ မြင့်မားသော နေရာတွင် အချိန်အတော်ကြာ နေခဲ့ရသည်။ရည်မှန်းချက်ကြီးသော ထိုသစ္စာဖောက်ထက် လူတွေကို အကဲဖြတ်သော အရည်အချင်းပိုမိုမြင့်မားလေသည်။ထန်ယုက ချီးကျူးထိုက်သော လူတစ်ယောက်ဖြစ်ပြီး ရွံစရာကောင်းသည့် နောက်ကျောကိုဓားဖြင့်ထိုးတတ်သော သူမျိုး မဟုတ်ပေ။ထို့ပြင် ထန်ယုအပေါ် ခင်မင်ရင်းနှီးကြောင်းကို "ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"ပေး၍ ပြသခဲ့ပြီး ထန်ယု၏ ကိုယ်ရည်ကိုယ်သွေးကို စမ်းသပ်ခဲ့သည်။

အမှန်တကယ်တွင် ယီယွမ်၌ တစ်ကိုယ်ကောင်းဆန်လိုသော ရည်ရွယ်ချက်မရှိပေ။လူကောင်းတစ်ယောက်တွင် သူ့အတွက် ကူညီပေးသောလူများ ရှိသင့်ပေ၏။ဒန်ဝူအကယ်ဒမီသို့ပြန်ရောက်သောအခါ ကြုံတွေ့လာရသော ပြဿနာတိုင်းကို တစ်ယောက်တည်း ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။သူငယ်ချင်းကောင်းအနည်းငယ်ရှိပါက ယီယွမ်အတွက် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန် ပို၍ လွယ်ကူမည်ဖြစ်သည်။

"အစ်ကိုယီ မစိုးရိမ်ပါနဲ့.... ထန်ယုက အကောင်းနဲ့အဆိုးကို မခွဲခြားတတ်တဲ့သူမဟုတ်ပါဘူး..."ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"ရဲ့ အကျိုးကျေးဇူး ကြီးမားပြီး လူသိလို့မရတာကို နားလည်ပါတယ်...ထန်ယုနားမလည်တာက အစ်ကိုယီက ဒီလိုစွမ်းရည်ရှိနေတာကို ဘာလို့ ဒန်ဝူအကယ်ဒမီမှာ တက်ချင်နေတာလဲ???"

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now