ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 55
ယီယွမ်၏ တိုးတက်မှုအမြန်နှုန်းကြောင့် ဝမ်ယွမ် ၏ စိတ်ထဲတွင် ဒုက္ခရောက်တော့မည့် အငွေ့အသက်များ ကို ခံစားနေရသည်။
အဆင့်(6)ချီစွမ်းအင်အဆင့် သိုင်းပညာရှင်ငါးယောက် ကို တစ်ကွက်တည်းဖြင့် သတ်ပြစ်ခဲ့သည့် စွမ်းရည်အရ ယီယွမ်သည် မြေကမ္ဘာအဆင့် သို့ ဝင်ရောက်နိုင်မည်မှာ သေချာလှပေသည်။
သူက ယခုမအောင်မြင်ခဲ့လျှင်ပင် အောင်မြင်ရန် အချိန်သိပ်လိုတော့မည်မဟုတ်ပေ။
ထိုသို့သော ခွန်အားမျိုးက ဝမ်ယွမ်၏ ခွန်အားကိုပင် မီလာတော့ပေမည်။
သူ၏ ရွေ့လျားမှုပညာရပ်မှာ ယီယွမ်ထက်နိမ့်ကျပေရာ ယခု သူ၏ တိုက်ခိုက်မှုစွမ်းရည် ကပါ ယီယွမ်နှင့် တူညီလုနီးပါးဖြစ်သွားပြီဖြစ်၍ မည်သည့်အတွက်ကြောင့် သူက ယီယွမ်ကို စိန်ခေါ်ရဲတော့မည်နည်း???
အဆုံးမဲ့စမ်းသပ်ခြင်း ကာလမှာ ငါက ဂိုဏ်းတူအကိုကြီးစူးက ယီယွမ်ကို သတ်ခွင့်ရအောင် ငါကူညီပေးရမယ်....ဒါမှမဟုတ်ရင် ဒုက္ခတွေ အကြီးအကျယ်ရောက်ရလိမ့်မယ်!!!
ဝမ်ယွမ်က ဆုံးဖြတ်ချက် ချလိုက်၏။
"ငါမေးမယ်.....ယီယွမ်က မြေကမ္ဘာအဆင့် ကို ရောက်လိမ့်မယ်လို့ ထင်ကြလား???"အံ့အားသင့်နေခဲ့ကြပြီးနောက် တစ်စုံတစ်ယောက် က ထိုသို့မေးလိုက်သည်။
ထိုစကားကိုကြား၍ လူအားလုံး တိတ်ဆိတ်သွားကြ၏။
ယီယွမ်က ခွန်အားအလွန်ကြီးမားသည်ဟု သူတို့အားလုံး သိကြသော်လည်း အဆင့်(4)ချီစွမ်းအင်အဆင့် မှ အဆင့်(8)ချီစွမ်းအင်အဆင့် သိုင်းပညာရှင်ငါးယောက် ကို ရင်ဆိုင်နိုင်ရန်မှာ ဖြစ်နိုင်စရာမရှိသော ကိစ္စတစ်ရပ်ဖြစ်သည်။
အဆင့်(4)ချီစွမ်းအင်အဆင့် သိုင်းပညာရှင်မှ အဆင့်(6)ချီစွမ်းအင်အဆင့် သိုင်းပညာရှင်ကို ရင်ဆိုင်တိုက်ခိုက်သည်မှာ အကယ်ဒမီတွင် ဖြစ်ပေါ်လေ့ရှိသော်လည်း ယခု အဆင့်(8)ချီစွမ်းအင်အဆင့် မှာ အဆင့်(4)ချီစွမ်းအင်အဆင့် ထက် အဆင့်လေးဆင့် ပိုမြင့်မားပေ၏။သို့ဖြစ်၍ သူတို့အကြားတွင် အဆင့်အတန်းတစ်ခု ကွာခြားပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...