ပြိုင်ဘက်ကင်းဆေးနတ်ဘုရားဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter- 12
ဝမ်ဒွန်ဟိုင်သည် သေဆုံးလုနီးပါးဖြစ်နေသော လုအန်ကို ချက်ချင်းသတ်ပစ်ချင်နေခဲ့ပြီး အကြောင်းမှာ လုအန်သည် သူ၏ တာဝန်ကို မပြီးမြောက်ခဲ့ရုံသာမကဘဲ ဒုက္ခများစွာ သယ်ဆောင်လာခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုအချိန်တွင် လုအန်သည် အလွန်အမင်း နာကျင်နေပြီး ငါးတစ်ကောင်လို တွန့်လိမ်နေခဲ့၏။
ဝမ်ဒွန်ဟိုင်သည် သူ၏ နာမည်ဂုဏ်သတင်းကို အထိအခိုက်မခံနိုင်၍ လုအန်ကို ကယ်ဆယ်ပေးရန်သာ တတ်နိုင်ခဲ့သည်။
ဝမ်ဒွန်ဟိုင်က လုအန်၏ မျက်ခွံများကို လှန်လှောကြည့်ရှုခဲ့ပြီးနောက်သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ခဲ့သည်။ထို့ပြင် ခန္ဓာကိုယ်ကို စမ်းသပ်ရန် အဝတ်အစားများကို ဖယ်ရှားလိုက်သည်။နေ့တစ်ဝက်ခန့် အချိန်ကုန်သွားပြီးနောက် သူ၏ စိတ်ဓာတ်များ အောက်ဆုံးသို့ ကျသွားပြီး မျက်မှောင်ကုတ်ရလွန်း၍ မျက်ခုံးနှစ်ခုပင် ဆက်နေသယောင်ရှိနေတော့သည်။
ဝမ်ဒွန်ဟိုင်သည် မည်သည့်သဲလွန်စကိုမျှ ရှာဖွေမတွေ့ရှိခဲ့ပေ။
မှော်ဆေးပညာရှင် ဂရန်းမာစတာတစ်ယောက်ဖြစ်သော်လည်း မည်သည့်အဆိပ်မိနေခဲ့ကြောင်း ခွဲခြားမသိနိုင်ခဲ့ချေ။ထိုသည်မှာ တိုက်ဆိုင်လွန်း၍ သာဖြစ်၏။လုအန်၏ အခြေအနေကို လက်တွေ့မမြင်ရပါက ယီယွမ်နှင့် လုအန်ပူးပေါင်း၍ သူ၏ အဆင့်အတန်းကျဆင်းအောင် လုပ်ကြံခြင်းဟု သတ်မှတ်ရမည်ဖြစ်သည်။
"အစ်ကိုကြီး.....ဒါက ဘယ်လိုတာလဲ??"ဝမ်ဒွန်ဟိုင်၏ မျက်မှောင်ကုတ်နေခြင်းကို မြင်ရ၍ မကောင်းသည့်အရာဖြစ်နေခြင်းကို ဝမ်ဒွန်ယန် သိရှိနေခဲ့၏။
"ငါ့ရဲ့ အဆင့်မြင့် အဆိပ်ဖြေဆေးကို သွားယူလာခဲ့တော့......"ဝမ်ဒွန်ဟိုင် အံကို တင်းတင်းကြိတ်၍ ခက်ခဲသောဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရ၏။
ဝမ်ဒွန်ယန်က ရှင်းပြခဲ့၏။"အဆင့်မြင့် အဆိပ်ဖြေဆေးဟုတ်လား???အဲ့ဒီဆေးကို ဖော်စပ်ဖို့ အကိုကြီးက ကြီးမားတဲ့ အရင်းအနှီးပေးထားရတာလေ....အခု သူ့အတွက် တစ်ကယ် သုံးတော့မလို့လားဗျာ???"
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...