Chapter 194

1.8K 215 1
                                    

Chapter-194

အဆင့်တက်ရန် ခြောက်ဆယ်ရာခိုင်နှုန်းမြင့်တက်လာခြင်း…..

ဟုရန်ယွမ်က ယီယွမ်ကိုကြည့်၍ သူ၏စိတ် ဟာလာဟင်းလင်းဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။

ပျော်ရွှင်မှုများက ရုတ်တရက်ကြီးပင် အစားထိုးဝင်ရောက်လာခဲ့၏။

ဟုရန်ယွမ်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်သို့ တက်ရောက်နိုင်ခြင်း ရှိမရှိကို မည်သည့်အချိန်ကမှ သံသယဝင်ခဲ့ခြင်းမရှိပေ။ သို့သော် ထိုအရာက အနည်းဆုံးအနေဖြင့် အနှစ်နှစ်ဆယ်ခန့် အချိန်ယူလုပ်ဆောင်ရမည့် အရာတစ်ခုဖြစ်ပေသည်။

သို့သော်ယခု ယီယွမ်ကသူ့အတွက် အလွန်ကြီးမားသော အံ့အားသင့်မှုကြီးတစ်ခုကို အမှန်တကယ်ယူဆောင်လာခဲ့၏။ သို့သော် ဟုရန်ယွမ်က ထိုအရာကို အမှန်တကယ်ပင် ယုံကြည်ရဲခြင်းမရှိပေ။

စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်သို့ တက်ရောက်ရာတွင် အောင်မြင်ရန်ရာခိုင်နှုန်း ခြောက်ဆယ်ရာခိုင်နှုန်း မြင့်တက်စေနိုင်သောဆေးလုံးက မည်မျှအထိ မိုးကောင်းကင်ကို ဆန့်ကျင်နေသော ဆေးလုံးမျိုးဖြစ်မည်နည်း။

“အစက ကျွန်တော် စိတ်သလင်းဖြစ်တည်ခြင်းဆေးလုံးကို ဖော်စပ်နိုင်ဖို့ ဆေးဖက်ဝင်ပစ္စည်းတွေစုဆောင်းမိတဲ့အထိ အချိန်အတော်ကြာအောင် စောင့်ရဦးမယ်လို့ ထင်ခဲ့မိတယ်… အဆုံးမဲ့တောအုပ်အတွင်းကို သွားရောက်ရတဲ့ ဒီခရီးမှာ ကျွန်တော်က ဒီဆေးလုံးကိုဖော်စပ်နိုင်ဖို့ အဓိကဆေးဖက်ဝင်ပစ္စည်းတွေကို မတော်တဆ ရရှိလာခဲ့မယ်လို့ လုံးဝထင်မထားခဲ့ဘူး… ဒါကြောင့်ကျွန်တော်က ဒီဆေးလုံးကို ပြန်ရောက်ရောက်ချင်း ဖော်စပ်နိုင်ခဲ့တာ… ဆရာဟုရန်က ကျွန်တော့်အသက်ကို ကယ်ဆယ်ခဲ့တဲ့သူပဲ… ကျွန်တော်ကဆရာဟုရန်ကို ဒီလိုမျိုးဘာလို့ ဟာသလုပ်မှာလဲ…..” ယီယွမ်ကအပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။

“ဒါပေမဲ့… ဒီဆေးလုံးက အဆင့်(2)ဆေးလုံးတစ်လုံးနော်… အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်မာစတာတွေတောင် ဒီဆေးလုံးကို အလွယ်တကူဖော်စပ်နိုင်ခြင်းမရှိဘူး မဟုတ်လား… ဖြစ်နိုင်တာက မင်းမှာ အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်မာစတာတွေထက် ပိုပြီးမြင့်မားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပြီမဟုတ်လား…..” ဟုရန်ယွမ်က ရုတ်တရက် တစ်စုံတစ်ရာကို တွေးတောမိလိုက်ပြီး အံ့အားတကြီး ရေရွတ်လိုက်၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now