ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(10)
Chapter-118
“ဒါပေမဲ့ ဇီရိုရဲ့ ကျင့်စဉ်က အသေဖြစ်သွားပြီလေ...ဘာလုပ်လို့ ရတော့မှာလဲ...ဇီရိုဆိုတဲ့ ကောင်မလေး က တအား ခေါင်းမာတာ...အနာဂတ်မှာ သူမက အဆင့်မတက်နိုင်တော့ဘူးဆိုတာ အခုသိသွားပြီ...အချိန်တွေကြာလာရင် တကယ်ပဲ ပြဿနာအကြီးကြီး ဖြစ်လာလိမ့်မယ်…..”
ဖိန်ဇီရို ၏ ကျင့်စဉ်လမ်းကြောင်းကို ပျက်စီးသွားစေမည့်အကြောင်း ကြားလိုက်ရ၍ သူမ၏ အဒေါ်ဖြစ်သူ ဖိန်လျှိုချင် က အေးအေးဆေးဆေး မနေနိုင်ခဲ့ပေ။
“စိတ်မလောပါနဲ့...ယီယွမ်က သူ့မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်လို့ ပြောခဲ့တယ်မလား…..”ဟုရန်ယွမ် က သူမထက် ပိုပြီး တည်ငြိမ်နေခဲ့သဖြင့် လျင်လျင်မြန်မြန် ပြောဆိုလိုက်သည်။
“အာ...ဟုတ်သားပဲ...ယီယွမ် မင်းမှာ ဘာနည်းလမ်းရှိလို့လဲ...မင်းက ဇီရိုကို ကျင့်စဉ်ကျင့်ကြံနိုင်ဖို့ ကူညီပေးနိုင်မယ်ဆိုရင် မင်းကို ငါ အရာအားလုံး ပေးမယ်လို့ ကတိပေးတယ်…..” ထိုစကားများက ဖိန်လျှိုချင် ၏ နှုတ်မှ ထွက်ပေါ်လာခဲ့၏။
ထိုစကားများကို ပြောဆိုပြီး မကြာမီ ဖိန်လျှိုချင် က ထိုစကားများမှာ အနည်းငယ် မဆီလျော်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
အကယ်၍ ယီယွမ်က လွန်လွန်မင်းမင်း တောင်းဆိုလာခဲ့သော် သူမက သဘောတူပေးရမည်လား…..
ထိုအချက်ကိုတွေးမိပြီးနောက် ဖိန်လျှိုချင် က အလွန်အမင်း ရှက်သွေးဖြာသွားခဲ့ပြီး သူမ၏ မျက်နှာကို အဝေးသို့သာ လှည့်ကြည့်နေလိုက်၏။
ယီယွမ်က မူလတွင် အများကြီး တွေးမထားခဲ့သော်လည်း ဖိန်လျှိုချင် ၏ ရဲတွတ်နေသော မျက်နှာကို မြင်လိုက်ချိန်တွင် မသိလိုက်မသိဘာသာ ဖြင့် အံ့သြ သွားခဲ့သည်။
သို့ရာတွင် သူက လျင်လျင်မြန်မြန် သတိပြန်ဝင်လာခဲ့သော်လည်း ထိုအခိုက်အတန့်၌ တောင်းဆိုမှုအားလုံးကို စိတ်ကူးယဉ်မိသည့်စိတ်ကို ထိန်းချုပ်၍ မရခဲ့ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...