ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 64
“ဌာနမှူး...ယီယွမ်ပြသခဲ့တဲ့ အရည်အချင်း က အံ့အားသင့်စရာကောင်းတယ်...အကယ်ဒမီက သူ့ကို ထောက်ပံ့ပေးသင့်တယ်လို့ ကျွန်တော်ယူဆတယ်...နိုင်ငံဆယ်ခုယှဉ်ပြိုင်ပွဲ က နှစ်ဝက်အတွင်း ကျင်းပတော့မယ်...နှစ်ပေါင်းများစွာအတွင်း ကျွန်တော်တို့ ရှုံးပဲရှုံးနေတယ်...ဒီတစ်ကြိမ်မှာလဲ အောက်ဆုံး သုံးနေရာက မတက်ရင် ကျွန်တော်တို့မျက်နှာကို လူပုံအလယ်မှာ မပြရဲတော့ပါဘူး…...
ဒန်ဝူအကယ်ဒမီ၏ အတွင်းအကျဆုံးနေရာမှ ဘုရားကျောင်းထဲတွင် ဟုရန်ယွမ် က သက်လတ်ပိုင်းလူတစ်ယောက်၏ ရှေ့တွင် ရိုသေစွာ ရပ်နေခဲ့သည်။
ထိုသူမှာ ဒန်ဝူအကယ်ဒမီ၏ ဌာနမှူး ဂျင်ယွန်ဟီ ဖြစ်၏။ ချင်နိုင်ငံတစ်ခုလုံးတွင် သူက အထူးခြားဆုံး သူတစ်ယောက်ဖြစ်၏။
ချင်နိုင်ငံတွင် သူ၏ အဆင့်အတန်း မှာ ဘုရင်မင်းမြတ် ထက် နိမ့်ကျခြင်းမရှိပေ။
သို့သော် ဂျင်ယွန်ဟီ က နှိမ့်ချနေထိုင်တတ်သော လူတစ်ယောက်ဖြစ်ပြီး သူက လူရှေ့သို့ ထွက်လာသည်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သည်။ ဌာနမှူးများ လုပ်ဆောင်ရမည့် လုပ်ငန်းများ ဖြစ်ပေါ်လာမှသာ ပေါ်ထွက်လာတတ်၏။
ယခု နှစ်အနည်းငယ်အတွင်း ဒန်ဝူအကယ်ဒမီ မှ ကျောင်းသားများသည် သူ့ကို တစ်ကြိမ်တစ်ခါမှ မြင်ဖူးခြင်းမရှိကြပေ။
အကယ်ဒမီမှ နည်းပြများကြားတွင်ပင် ဂျင်ယွန်ဟီ က လျှို့ ဝှက်ဆန်းကြယ်မှု ပြည့်နှက်နေသော သူတစ်ယောက် ဖြစ်သည်။
သိသာစွာပင် ဟုရန်ယွမ် က အကယ်ဒမီတွင် ဂျင်ယွန်ဟီ ကို တွေ့ဆုံနိုင်သော လူအနည်းငယ်ထဲမှ တစ်ယောက်အပါအဝင်ဖြစ်၏။
ဟုရန်ယွမ် က ဂျင်ယွန်ဟီ ကို ယီယွမ်၏ ကိစ္စအကြောင်း အစီရင်ခံတင်ပြရန် လာရောက်သည်မှာ ထင်ရှားပေသည်။
သူက ယီယွမ်၏ အံ့အားသင့်စရာကောင်းသည့် လုပ်ရပ်များကို တက်ကြွစွာ ပြောဆိုနေသော်လည်း ဂျင်ယွန်ဟီ က တိတ်ဆိတ်စွာသာ နားထောင်နေခဲ့ပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...