ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 47
"ယွမ်ပြိုကွဲပေါက်ထွက်ဆေးလုံး"သည် အဆင့်(1)ဆေးဖက်ဝင်ပစ္စည်း များသာ အသုံးပြုထားသော်လည်း ချီစွမ်းအင်ဆေးလုံးထက် အများကြီး ဈေးကြီးပေ၏။ယီဟန်ပင် ထိုဆေးလုံးကို အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်မည် မဟုတ်ချေ။
ထိုအခြေအနေများကြောင့် အဆင့်အမြင့်ဆုံးအဆင့် ချီစွမ်းအင်ဆေးလုံးများသည်သာ ယီယွမ်အတွက် အသင့်တော်ဆုံးဆေးလုံးများဖြစ်ကြသည်။
သို့သော် အဆင့်အမြင့်ဆုံးအဆင့် ချီစွမ်းအင်ဆေးလုံးများမှာ ကောင်းမွန်သည်ဟု ထင်ရပင်လျှင် ထိုဆေးများဖော်စပ်ရသည်မှာ အလွန်ပင်ပန်းလှပေ၏။
"ကြယ်ခုနှစ်စင်းကြာပန်း က ရေဓာတ်သဘာဝဖြစ်ပြီး သူက ယင်ဓာတ်သဘာဝ ရှိတယ်....ဝိဥာဉ်ရေကန်မှာ မကြာခဏ တွေ့ရလေ့ရှိတယ်....သူက သန့်စင်ဖော်စပ်....."ဖိန်လျှိုချင် က "ဆေးဖက်ဝင်ပစ္စည်းအထွေထွေ"ဟူသော စာအုပ်ကို စားပွဲပေါ်တွင် ပိတ်၍တင်ထားခဲ့သော်လည်း သူမ၏ စကားများက ဆက်လက်ထွက်ပေါ်နေခဲ့၏။သိသာစွာပင် ထိုဆေးဖက်ဝင်ပစ္စည်းများ၏ သဘာဝကို သူမကသိရှိခဲ့ပြီးဖြစ်သည်။
ဖိန်လျှိုချင် က ငယ်ရွယ်သော်လည်း အလယ်အလတ်အဆင့် မှော်ဆေးပညာရှင် မာစတာ တစ်ဦးဖြစ်၏။သင်းရနံ့ဆေးဂေဟာ၏ မာစတာချင် က အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင် မာစတာ တစ်ဦးဖြစ်သော်လည်း သူက ဖိန်လျှိုချင် ထက် အသက်သုံးဆယ်ခန့် ပို၍ ကြီးမားပေ၏။ထိုသို့ ငယ်ရွယ်သော်လည်း အလယ်အလတ်အဆင့် မှော်ဆေးပညာရှင် မာစတာ ဖြစ်နေသည့်အတွက် ဖိန်လျှိုချင် ၏ အရည်အချင်း မှာ အလွန်ကောင်းမွန်ပေ၏။
သင်ခန်းစာပို့ချနေစဉ် ဖိန်လျှိုချင် က အတန်းတွင်း လမ်းလျှောက်နေ၍ ကျောင်းသားများ၏ အကြည့်များသည်လည်း သူမ၏ ခန္ဓာကိုယ် အပေါ်တွင်သာ ရှိနေခဲ့သည်။
ရုတ်တရက် ဖိန်လျှိုချင် က မျက်နှာပျက်သွားခဲ့ပြီး သင်ခန်းစာပို့ချနေမှုကို ရပ်တန့်လိုက်၏။
ဖိန်လျှိုချင် က စိတ်ညစ်သွား၍ ဖြစ်ကြောင်း လူတိုင်းသိရှိလိုက်ကြသည်။ပါးစပ်မှ သွားရည်များစီးကျ၍ အိပ်ပျော်နေသော တစ်စုံတစ်ယောက် ကို လူတိုင်းတွေ့လိုက်ရ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...