Chapter 68

3.3K 447 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 68

ယီယွမ် က ဖိန်ဇီရို၏ မျက်ဝန်းထဲတွင် ညစ်ကျယ်ကျယ် အပြုံးရိပ်များ ရှိနေသည်ကို ခံစားလိုက်မိ၍ ပြောစရာစကားမရှိတော့ပေ။

ဒီမိန်းမက ငါနဲ့ ဝမ်ယွမ်ကြားက ရန်မီး ကို သေချာသိထားလို့ ဝမ်ယွမ်ကို ဘေးတီးပေးနေတာပဲ…..

ဤအရာကြောင့် ဝမ်ယွမ်၏ မုန်းတီးမှု ပိုမိုတိုးပွားလာခဲ့၏။ သို့သော် သူနှင့်ဝမ်ယွမ်က တစ်ယောက်ယောက် သေဆုံးရမည့်အခြေအနေတွင် ဖြစ်ရာ အနည်းငယ် ပိုမုန်းတီးခြင်းက ကိစ္စမရှိတော့ပေ။

ယီယွမ် ခေါင်းကိုက်သွားခဲ့၏။ မည်သည့်အတွက် ဖိန်ဇီရို၏ အပြုအမူများက စကားပြောနေစဉ်ကနှင့် ကွဲပြားသွားသနည်း။

“ ဘာလို့ အစောကြီး လာရမှာလဲ...အခုထိတောင် မစသေးဘူးမလား...ဒီကိစ္စကို အဲ့လောက် အရေးမပေးနိုင်ဘူး...ဒါက စာမေးပွဲ တစ်ခုပဲလေ…..” ယီယွမ် က ညည်းညူ လိုက်၏။

“ ဟမ့်...နင့်အကြောင်းတွေ အကုန် ဒေါ်လေးဆီက ကြားပြီးပြီ...ဒီအချိန်မတိုင်ခင် အထိ အပြောပဲရှိသေးတာ...နင်က ဘယ်စာအုပ်တွေ ဘယ်မှတ်တမ်းတွေကနေ ပေါက်တတ်ကရ တွေ့လာပြီး ငါ့ ဒေါ်လေးကို နှူးနှပ် နေတာလဲ…..” ဖိန်ဇီရိုက သရော်လိုက်သည်။

ယီယွမ်က သူမအား ရှင်းပြမနေတော့ဘဲ ဖိန်လျှိုချင်ကို နှုတ်ဆက်ရန် သွားရောက်ခဲ့၏။

ထိုမြင်ကွင်းက ဝမ်ယွမ်၏ မျက်စိထဲတွင် ချစ်သူစုံတွဲများ ကလူကျီစယ် နေသလို ဖြစ်နေခဲ့ပြီး မုန်တီးလွန်း၍ အံကိုတင်းတင်းကြိတ်ထားခဲ့သည်။

သူက လျူယူရှီကို ကြိုက်သော်လည်း ဖိန်ဇီရိုက သူမထက် အဆင့်အတန်းမြင့်မားပေ၏။ အကယ်၍ သူကသာ ဤ အလှပဂေး၏ အချစ်ကို ရရှိပါက လျူယူရှီက အသေးအဖွဲလေးပင်ဖြစ်ပေ၏။

ဖိန်ဇီရို က ကျောင်းသားများ၏ အလှနတ်ဘုရားမလေးဖြစ်ပြီး ထိုကျောင်းသားများထဲတွင် ဝမ်ယွမ်လည်း ပါဝင်ပေသည်။ ဖိန်ဇီရို၏ အဆင့်အတန်း က သူနှင့် အလွန်ဝေးကွာနေ၍သာ သူမနှင့် ဝမ်ယွမ်က အဆက်အသွယ် မလုပ်ရဲခြင်း ဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now