ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 62
“ လေ့ကျင့်ရမယ်ဟုတ်လား...ဘာကြောင့် လေ့ကျင့်ရမှာလဲ…..”ဖိန်လျှိုချင် က မေးမြန်းလိုက်သည်။
ယီယွမ် က ပခုံးတွန့်ပြလိုက်ပြီး ပြောကြားလိုက်၏။ “လေ့ကျင့်တာ လေ့မကျင့်တာက ဆရာမသဘောပဲ...ယင်-ယန်ခွဲဖြာစီးဆင်းနည်းပညာရပ် ကို ဒီလိုသာ ဆက်ပြီး လုပ်ဆောင်နေမယ်ဆိုရင် ဆရာမရဲ့ စိတ်ခွန်အားကို တိုးတက်စေမဲ့ နည်းလမ်းရှာတွေ့ရင် တွေ့နိုင်မယ်...ဒါပေမဲ့ ဆရာမထက် အဆင့်မြင့်သူတွေနဲ့ ယှဉ်ပြိုင်ဖို့ မလွယ်ကူသေးဘူး…..”
“ဟမ့်...ဘယ်လောက်ခက်မှာမို့လို့လဲ...အခု မင်းရှေ့မှာကို ငါ ဆွဲပြမယ်…..”ဖိန်လျှိုချင် က ဝန်ခံရန် စိတ်မကူးခဲ့ပေ။
ထိုသို့ပြောလိုက်ရင်း ယီယွမ်ကို ဘေးသို့တွန်း၍ စက္ကူ ပေါ်တွင် ရေးဆွဲလိုက်သည်။
သို့သော် သူမ ဆွဲလိုက်ရာတွင် ညာဘက်လက် က စက်ဝိုင်းပုံ တစ်ခု ထွက်ပေါ်လာ၏။ထို့ပြင် ထိုစက်ဝိုင်းက လုံးဝန်းခြင်းပင် မရှိပေ။
“ငါ ဒါကို မယုံနိုင်ဘူး…..”
ဖိန်လျှိုချင် က နောက်တစ်ကြိမ်ထပ်မံရေးဆွဲလိုက်သည်။ သူမက သူမ၏ ညာလက်ကို လေးထောင့်ပုံရေးဆွဲရန် ကြိုးစားလိုက်၏။ရလဒ်အနေဖြင့် သူမ၏ ညာလက်က လေးထောင့်ပုံ ရေးဆွဲလိုက်နိုင်သော်လည်း ဘယ်လက်ကပါ လေးထောင့်ပုံ ရေးဆွဲထားလိုက်သည်။
နောက်ထပ် အကြိမ်အနည်းငယ်ခန့် ကြိုးစားသော်လည်း ဖိန်လျှိုချင် က ကျရှုံးသွားခဲ့၏။
“ဒါက ဘာလို့ ဒီလောက် ခက်နေရတာလဲ...ရေးဆွဲတာထက် မပိုဘူးလေ…..”
ဖိန်လျှိုချင် က မိန်းမငယ်လေးတစ်ယောက်က ဒေါသပေါက်ကွဲသလို စုတ်တံ ကို ဘေးသို့ ပစ်လိုက်သည်။
ဂုဏ်ယူဝင့်ကြွားပြီး အေးစက်သော အမျိုးသမီး ဆရာမ က မည်သည့်နေရာသို့ ရောက်ရှိသွားခဲ့သနည်း။
“ဒါက ခက်လို့ပဲ ကျွန်တော်က ဆရာမကို ဆွဲခိုင်းတာပေါ့ …ကောင်းကောင်းလေ့ကျင့်ထားပါ...ဆရာမက ဒါကို အောင်မြင်သွားရင် ယင်-ယန်ခွဲဖြာစီးဆင်းနည်းပညာရပ် ကို အောင်မြင်တော့မဲ့ လမ်းစပေါ်ကို ရောက်သွားပြီလို့ ပြောလို့ရတယ်...ကောင်းပြီ...ကျွန်တော်က ဆရာမကို လျှို့ ဝှက်ချက် သင်ပေးပြီးသွားပြီနော်… နောက်ထပ်ရက်အနည်းငယ်အတွင်း ဆရာမရဲ့ လက်ထောက်အဖြစ် ကျွန်တော်လုပ်စရာ မလိုတော့ဘူး...ဟုတ်တယ်မလား...ကျွန်တော်သွားတော့မယ်…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...