ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၃ )
Chapter-150
ရိုးရိုးသားသား ပြောဆိုရမည်ဆိုလျှင် ယီယွမ် ၏ စကားများက အမှန်တကယ်ပင် အလွန်အမင်း ကြီးကျယ်နေခဲ့၏။ ထိုအရာကို မည်သို့ပင် ပြောနေစေကာမူ လေကြီးလေကျယ် ပြောဆိုလိုက်သည်နှင့် တူပေသည်။
ကောင်းကင်ဘုံသူတော်စင်မျောက်ဝံ က မည်ကဲ့သို့ အဆင့်အတန်းမျိုးရှိသနည်း။
ထိုအကောင်က နတ်ဘုရားနယ်ပယ် အဆင့်အတန်း တစ်ခု ဖြစ်၏။
နတ်ဘုရားနယ်ပယ် များ သေဆုံးသွားလျှင်ပင် ထို နတ်ဘုရားနယ်ပယ် များ၏ ကျော်ကြားမှု အခြေအနေများက ပို၍ ဝင်းလက်တောက်ပလွန်းပြီး ဒဏ္ဍာရီဆန်လွန်းလှပေသည်။
အဆုံးမဲ့ကမ္ဘာကြီး မှ ဒေသခံတစ်ယောက်က သူ့ကိုယ်သူ ကောင်းကင်ဘုံသူတော်စင်ဘိုးဘေးကြီးနှင့် အမှန်တကယ် နှိုင်းယှဉ်ရဲပေသည်။ မည်မျှပင် အကြောက်အလန့်ကင်းမဲ့ပြီး သတ္တိရှိရန် လိုအပ်မည်နည်း။
ကျောက်တုံးမျောက်ဝံကလန်အတွက်မူ ကောင်းကင်ဘုံသူတော်စင်ဘိုးဘေးကြီး က အလေးအမြတ်ထားသော ပုဂ္ဂိလ်တစ်ဦးဖြစ်ပြီး လုံးဝပင် ပြစ်မှားပြောဆိုခြင်း မခံနိုင်သည့် အဆင့်အတန်းဖြစ်၏။
ယီယွမ်၏ ဤသို့ နှိုင်းယှဉ်ခဲ့မှု က မျောက်ဝံဘုရင် ကို ဒေါသအလွန်ထွက်စေခဲ့သည်။
သို့ရာတွင် မျောက်ဝံဘုရင် အား အံ့အားသင့်သွားစေသည့်အချက်က အဆုံးမဲ့ကမ္ဘာကြီး မှ သာမန်လူသားတစ်ယောက်က ကောင်းကင်ဘုံသူတော်စင် ဘိုးဘေးကြီး အကြောင်း အမှန်တကယ် သိရှိနေခဲ့သည့်အတွက်ကြောင့် ဖြစ်၏။
အကယ်၍ သူ၏ မျိုးရိုးဆက်ခံလာခဲ့သော မှတ်ဥာဏ်များကို နှိုးထစေနိုင်ခြင်း မရှိပါက သူကိုယ်တိုင်ပင် ကောင်းကင်ဘုံသူတော်စင် ဘိုးဘေးကြီး၏ တည်ရှိမှုကို သိရှိခဲ့မည်မဟုတ်ပေ။ဤငချွတ်ကလေးက မည်သို့ သိရှိနေခဲ့သနည်း။
ထိုသည်ပင် မကဘဲ သူက ကောင်းကင်ဘုံသူတော်စင် ဘိုးဘေးကြီး ၏ အင်အားကြီးမားလာသည့် အတွေ့အကြုံများကို ကောင်းစွာ သိရှိနေခဲ့ရာ ထိုအရာက ပို၍ပင် ထူးဆန်းနေခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...