Chapter 192

1.9K 200 0
                                    

Chapter-192

ထိုစကားကိုကြားသော် နန်ဖိန်ရီက အံ့အားသင့်သွားခဲ့၏။ ဤလူငယ်လေးက သူ့ကိုအနည်းငယ်မျှပင် မျက်နှာသာမပေးဘဲနေမည်ဟု သူလုံးဝထင်မထားခဲ့ပေ။

ဘုရင်မင်းမြတ်ဟူသော သူ၏အဆင့်အတန်းကို ထည့်မတွက်လျှင်ပင် သူကစိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူတစ်ဦးဖြစ်သည့်အချက်ဖြင့်ပင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်အများအပြားက ဤသို့အရိုအသေမဲ့ ပြုမူရဲကြခြင်း မရှိကြပေ။

သို့ရာတွင် သူကယီယွမ်ကဲ့သို့သော ပြိုင်ဘက်ကင်းဂျီးနီးယပ်များ၏ မာနတရားကို ကောင်းစွာသိရှိပေသည်။

ကောင်းကင်ဘုံကိုးခုလျှောက်လမ်းကို ကျော်ဖြတ်လျှောက်လှမ်းနိုင်ကြသည့်
ပြိုင်ဘက်ကင်းဂျီးနီးယပ်များကား ချင်နိုင်ငံ၏အဆင့်အတန်းဖြင့် နှိုင်းယှဉ်၍မရသော အဆင့်အတန်းများရှိနေပြီဖြစ်၏။ ထို့ကြောင့် ယီယွမ်က မာနကြီးနေသည်မှာ ပြဿနာလုံးဝမရှိပေ။

ယီယွမ်က သူ့အားအဆင့်တူသော လူတစ်ဦးအဖြစ်ပြောဆိုနေခြင်းမှာ ယီယွမ်က အဆင့်(3)မိစ္ဆာသားရဲ တစ်ကောင်ကို အစေခံတစ်ယောက်အဖြစ် ပိုင်ဆိုင်ထား၍ဖြစ်ကြောင်း နန်ဖိန်ရီက လုံးဝမသိခဲ့ပေ။

နန်ဖိန်ဇီရိုက ယွမ်ဖန်းနှင့် ပတ်သက်သော ကိစ္စများကို နန်ဖိန်ရီအား မပြောပြခဲ့ခြင်းမှာ သူမကတစ်ဦးတစ်ယောက်ကိုမှ မပြောပြရန် ယီယွမ်အား ကတိပေးထားခဲ့သောကြောင့် ဖြစ်သည်။

ပြန်ရောက်လာခဲ့ပြီးနောက် နန်ဖိန်ဇီရိုက ထိုအကြောင်းကို နန်ဖိန်ရီမသိအောင် လျှို့ဝှက်ထားခဲ့၏။

“အဟမ်း… အဟမ်း…..”

နန်ဖိန်ရီက ကသိကအောက်ဖြစ်သွားမှုကို ဖုံးကွယ်ရန် ချောင်းဟန့်၍ ပြောဆိုလိုက်သည်။ “ငါသိချင်မိတာက… ကြယ်တာရာယစ်မူးဂေဟာရဲ့ ဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးကို ညီငယ်လေးယီက ဘယ်လိုမြင်လဲ…..”

ယီယွမ်၏ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့ပြီး အထင်သေးနေသောအသံဖြင့် ပြောခဲ့၏။ “ရယ်စရာလေးတွေလုပ်နေကြတာပဲ… ဘာတဲ့ ဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးတဲ့လား… ဝမ်ဒွန်ဟိုင်ရဲ့ နိမ့်ကျတဲ့အရည်အချင်းတွေနဲ့ဆိုရင် ဆေးလုံးအဆင့်တွေ သတ်မှတ်တယ်ဆိုတဲ့အရာကို ဘယ်လိုလုပ်သိနိုင်မှာလဲ… ကျွန်တော်ခန့်မှန်းတာမမှားဘူးဆိုရင် ဒီကိစ္စက စူးမိသားစုရဲ့ လျှို့ဝှက်အကြံအစည်တွေပဲ… ဝမ်ဒွန်ဟိုင်က စူးမိသားစုရဲ့ နယ်ရုပ်လေးဖြစ်တဲ့အတွက် သူ့ကိုရှေ့ထွက်စေလိုက်တာပဲလေ…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now