ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-99
ယီယွမ်၏ ဒဏ်ရာများက တဖြည်းဖြည်း သက်သာလာခဲ့သည်ကို မြင်ရသော် ဖိန်လျှိုချင် က အနည်းငယ်စိတ်သက်သာရာ ရသွားခဲ့သည်။
သူမက မတ်တတ်ရပ်၍ စူးယူဘိုင် ကို ပြောဆိုလိုက်၏။ “အကြီးအကဲ စူး...စည်းကမ်းထိန်းသိမ်းရေးခန်းမ က တရားမျှတတယ်ဆိုပြီး နာမည်ကြီးပါတယ်...ဒါပေမဲ့ ဒီနေ့ အပြုအမူက တရားမျှတမှုမရှိတာက လူအများ မျက်မြင်ပဲ…..”
စူးယူဘိုင် က ယီယွမ်နှင့် ဖိန်လျှိုချင် က အခြားသူများ မရှိသလို ပြုမူနေကြသည်ကို မြင်ကတည်းက စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။
သို့သော် သူက ဖိန်လျှိုချင် ၏ အဆင့်အတန်း ကို ကြောက်ရွံ့ ၍ တစ်စုံတစ်ရာ ကိုမှ လုပ်ဆောင်ရဲခြင်းမရှိပေ။
ယခု ဖိန်လျှိုချင် က သူ့အား လူပုံအလယ်တွင် အပြစ်တင်နေရာ စူးယူဘိုင် က တိတ်ဆိတ်မနေနိုင်တော့ပေ။
“ဟမ့်...ဒီအဖိုးကြီး က အကယ်ဒမီရဲ့ တာအိုကို ကာကွယ်ပေးနေတာလေ...ဘယ်လိုလုပ်ပြီး တရားမျှတမှုမရှိဘူးလို့ ပြောရတာလဲ...ဆရာမဖိန် က ဒီလူလိမ်ရဲ့ ထောင်ချောက်ထဲ ကျနေတာထင်တယ်...ဘာလို့ နောက်မဆုတ်ရတာလဲ...ဒီလိုမဟုတ်ရင်တော့ ဆရာမဖိန်ကို ဒဏ်ရာရစေခဲ့ရင် အပြစ်မတင်နဲ့နော်…..” စူးယူဘိုင်က ခြိမ်းခြောက်လိုက်၏။
အဘယ်ကြောင့်ဆိုသော် စူးယူဘိုင်က ဖိန်လျှိုချင်၏ အဆင့်အတန်းကို ကြောက်ရွံ့ နေ၍ သူ၏စကားများက သတိပေးသလိုသာ ပြောရဲခဲ့ခြင်းဖြစ်သည်။
ဖိန်လျှိုချင်ပြောသလိုသာ အခြားတစ်ယောက်က ပြောဆိုခဲ့ပါက သေချာပေါက် ပြင်းထန်စွာ တုံ့ပြန်ပေမည်။
သို့ရာတွင် ဖိန်လျှိုချင်က ထိုစကားကို နားထောင်ခြင်းမရှိပေ။ “ဒီကိစ္စမှာ ဖြစ်ပျက်ခဲ့တာတွေ အကုန် ကျွန်မ သိပြီးပြီ...ယီယွမ်လုပ်ခဲ့တာတွေက သဘာဝမကျပေမဲ့ အကြောင်းပြချက်ရှိတယ်...အကြီးအကဲ စူးက သူ့ကို လက်လွတ်စပယ် သတ်ဖို့ ဘာလို့ လုပ်ဆောင်နေတာလဲ…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...