Chapter 46

4.1K 490 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 46

လျူယူရှီ ၏ စိတ်ထဲမှ ကြောက်ရွံ့ လွန်း၍ ချွေးပျံလာ၏။စူးရီရှန်း၏ နည်းလမ်းများက ကြောက်စရာကောင်းလှသည်။သူမနှင့် ဝမ်ယွမ်က ယီယွမ်ကိုသာ ရင်ဆိုင်ရန် စဉ်းစားနေချိန်တွင် စူးရီရှန်းက သင်းရနံ့ဆေးဂေဟာ တစ်ခုလုံးကို ဖျက်စီးရန် ကြံစည်နေခဲ့၏။

စူးမိသားစု၏ အဓိကစီးပွားရေးမှာ ဆေးဖက်ဝင်ပစ္စည်းများနှင့် ဆေးလုံးများရောင်းချခြင်းဖြစ်သည်။သူတို့က ကြယ်တာရာယစ်မူးဂေဟာ နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြ၍ သူတို့မိသားစုနှစ်စုမှာ မိတ်ဆွေကောင်း စီးပွားဖက်ကောင်း များ ဖြစ်ကြသည်။

ချင်နိုင်ငံ တွင် စူးမိသားစုမှာ ဆေးဖက်ဝင်ပစ္စည်းများက်ု အကြီးမားဆုံး ရောင်းချသူဖြစ်၏။အများအားဖြင့် စူးမိသားစုက ဆေးဖက်ဝင်ပစ္စည်း များကိုသာ ရောင်းချလေ့ရှိပြီး ဆေးလုံးဖော်စပ်ခြင်းနှင့် ဆေးလုံးရောင်းချခြင်း တို့တွင် ပါဝင်လေ့မရှိကြပေ။

သို့သော် ယီဟန်က သူတို့မိသားစုရောင်းချသော ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူအသုံးပြုခြင်းမရှိဘဲ မည်သည်မှ ဆေးဖက်ဝင်ပစ္စည်း များ တင်သွင်းနေကြောင်း မသိကြချေ။ထို့ကြောင့် စူးမိသားစုက ယီဟန်ကို မုန်းတီးနေခြင်းဖြစ်၏။

မြို့တော်တွင် သင်းရနံ့ဆေးဂေဟာ နှင့် ကြယ်တာရာယစ်မူးဂေဟာ တို့က အချင်းချင်းရန်စောင်နေကြသော ကျားနှစ်ကောင် ဖြစ်သည်။သူတို့အချင်းချင်းတိုက်ခိုက်နေကြသည်မှာ အချိန်ကြာလှပြီ ဖြစ်သော်လည်း အင်ပါရီယာမိသားစုက မသိမသာ ခွင့်ပြုထားပေသည်။

သို့သော် စူးမိသားစုက သင်းရနံ့ဆေးဂေဟာ ၏ တည်ရှိမှုကို ပြင်းထန်စွာ ဆန့်ကျင်နေရခြင်းမှာ စူးမိသားစု၏ ဝင်ငွေ လမ်းကြောင်းဖြစ်သည့် ဆေးဖက်ဝင်ပစ္စည်း ဈေးကွက်၏ တစ်စိတ်တစ်ပိုင်းကို သင်းရနံ့ ဆေးဂေဟာက ရယူထား၍ သူတို့၏ ဝင်ငွေနည်းပါးခြင်းကြောင့် ဖြစ်၏။

သို့်သော် ယီဟန်က စီးပွားရေးနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် အလွန်ထူးချွန်ကြောင်းသိနိုင်ပေသည်။သင်းရနံ့ဆေးဂေဟာ၏ ဆေးပစ္စည်းများမှာ ဈေးနှုန်းသင့်တင့်ပြီး စားသုံးသူများကို သူတို့၏ စွမ်းအားကို အသုံးပြု၍ အနိုင့်ကျင့်ခြင်း လုံးဝမရှိပေ။မိစ္ဆာသားရဲမုဆိုးလောကတွင် သင်းရနံ့ဆေးဂေဟာ ၏ နာမည်ဂုဏ်သတင်း မှာ အလွန်ကောင်းမွန်စွာ တည်ရှိနေသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now