ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(7)
Chapter-82
ယီယွမ် က အခြားသူများကို ရှောင်ပုန်းနေသည်မှာ မှန်သော်လည်း သူက အမှန်တကယ် တံခါးပိတ်လေ့ကျင့်မှု လုပ်ဆောင်နေခြင်း ဖြစ်သည်။
သူ၏ အဆင့်(4)ချီစွမ်းအင်အဆင့် မှာ အခြေခံခိုင်မာသွားပြီဖြစ်၍ သူ၏ ခွန်အား တိုးတက်စေရန် မစောင့်နိုင်တော့ပေ။
အဆင့်(2)ဆေးလုံး ကို ဖော်စပ်ရာတွင် ယီယွမ်၏ ကိုယ်တွင်းစွမ်းအင် အားလုံး ကုန်လုနီးပါး ဖြစ်သွားရာ ထိုအရာက သူ၏ ခန္ဓာကိုယ်အား ကောင်းမွန်စွာ လေ့ကျင့်ပေးလိုက်ခြင်း ဖြစ်၏။
လက်ရှိအချိန်တွင် ယီယွမ်က ကုန်ခန်းလုနီးပါးဖြစ်သွားသော ကိုယ်တွင်းစွမ်းအင် များကို ပြန်လည်ဖြည့်တင်းရင်း သူ၏ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိရန် ထိန်းညှိထားခဲ့၏။ ထို့နောက် အဆင့်အမြင့်ဆုံးအဆင့် ချီစွမ်းအင်ဆေးလုံး များကို အသုံးပြု၍ အဆင့်(6)ချီစွမ်းအင်အဆင့်သို့ တက်ရောက်ရန် ပြင်ဆင်ထားခဲ့သည်။
အမှန်တကယ် တွင် အဆင့်(6)ချီစွမ်းအင်အဆင့်သို့ တက်ရောက်ရန် လိုအပ်သောအချိန်ပမာဏမှာ အဆင့်(1)ချီစွမ်းအင်အဆင့်မှ အဆင့်(3)ချီစွမ်းအင်အဆင့်သို့ တက်ရောက်ရန် လိုအပ်သောအချိန်ပမာဏထက် ပို၍ များပြားသည်။
ကျင့်စဉ်အဆင့်တစ်ခုကို မြင့်တက်သွားတိုင်း ကိုယ်တွင်းစွမ်းအင် လိုအပ်ချက်မှာ အလွန်မြင့်မားသောပမာဏ အထိ တိုးမြင့်သွားလေ့ရှိ၏။
ယီယွမ်တွင် အဆင့်အမြင့်ဆုံးအဆင့် ချီစွမ်းအင်ဆေးလုံး အလုံအလောက် ရှိသော်လည်း ထိုဆေးလုံးများကို ခြေဖျက်သန့်စင်ရန် အချိန်ပမာဏတစ်ခု လိုအပ်နေသေးသည်။
ထို့ပြင် သူ လေ့ကျင့်သည်မှာ ယန်ကိုးမျိုးဝိညာဉ်ဘရစ်စတယ်သိုင်းပညာရပ် ဖြစ်၍ လိုအပ်သော ကိုယ်တွင်းစွမ်းအင် ပမာဏမှာ သာမန်လူများထက် အဆပေါင်းများစွာ ပို၍ များပြား၏။
သို့ရာတွင် ယီယွမ်က အလျင်စလိုလုပ်ဆောင်ခြင်း မပြုပေ။ သူ့တွင် အချိန်လုံလောက်စွာ ရှိသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...