Chapter 30

4.6K 541 4
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 30

ချူးရင်က အတိတ်က သူ၏ မရေတွက်နိုင်သောပြိုင်ဘက်များကို အဆုံးသတ်ရန် အသုံးပြုခဲ့သော အင်အားအကြီးမားဆုံး လှုပ်ရှားမှု ကို ချက်ချင်းပင် ပြုလုပ်ခဲ့သည်။

"အသေ သတ်ခြင်း"ရိုးရှင်း၍ တစ်ဟုန်ထိုး တိုက်ခိုက်ခြင်းဖြစ်ပြီး အပေါ်စီးဆန်လှပေ၏။ရိုးရှင်းသောလှုပ်ရှားမှု ဖြစ်ပြီး မျက်စိနောက်အောင် ရှုပ်ထွေးခြင်းမရှိသော ရွေ့လျားမှုဖြစ်သည်။

သူမ၏ ရှေ့သို့ ဓားရောက်လာခဲ့သည်ကိုပင် လျူအာမည်သို့မျှ မလုပ်နိုင်ဘဲရပ်ကြည့်နေခဲ့ရ၏။

အဓိပ္ပါယ်ဖော်ပြရန်ခက်ခဲသော အပြုံးတစ်ခု ချူးရင်၏ မျက်နှာပေါ်တွင်ပေါ်ပေါက်လာခဲ့၏။လှပသော လျူအာသေဆုံးသွားလျှင် ယီယွမ်၏နှလုံးသားတွင် ကြီးစွာသော ပူဆွေးသောကကို ခံစားရပေလိမ့်မည်။

သို့သော် ချူးရင် ၏ ဓား က လျူအာ၏ လည်ကို ဖြတ်မည့်အချိန်တွင်....

ချွမ်!!!!!

သူ၏ ဓားကိုင်ထားသောလက်မှာ ထုံထိုင်းနေခဲ့ပြီး သူလျှို့ ဝှက်ထားခဲ့သော ဓားတိုလေးမှာ အဝေးသို့ လွင့်စင်သွားခဲ့သည်။

အလွန်ကြောက်စရာကောင်းသော ခွန်အားတစ်ခုက ချူးရင်အား အဝေးသို့လွင့်သွားစေခဲ့၏။

ထိုအချိန်ခဏလေးတွင် ယီယွမ်က လျူအာအနားကို "လျှပ်တစ်ပြက်အလင်း"ကို အသုံးပြုရောက်ရှိသွားပြီး သူမကို အရင်ကယ်ဆယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သူ၏ လက်ချောင်းတစ်ချောင်းကိုသာ အသာအယာအသုံးပြု၍ ချူးရင်နှင့် သူ၏ ဓားတိုလေးကို လွင့်စင်စေခဲ့ခြင်းဖြစ်၏။

ယန်လက်ချောင်းပညာရပ်!!!!

ယီယွမ်၏ "ယန်လက်ချောင်း"ပညာရပ်သည် ရက်ပေါင်းများစွာ ကျင့်ကြံပြီးနောက် မူလအဆင့် သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။

ထိုအဆင့်မှသိုင်းပညာရပ်တစ်ခုကို လေ့လာရန်မလွယ်ကူပေ။ရက်အနည်းငယ်အတွင်း မူလအဆင့် အထိရောက်အောင် ကျင့်ကြံနိုင်ခြင်းသည် ယီယွမ်၏ အရည်အချင်း မြင့်မားလွန်း၍ ဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now