Chapter 93

3.1K 429 5
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(8)

Chapter-93

“ဒီလိုဟုတ်တယ်မလား...ဟုတ်လား...မင်းက ငါနဲ့ ခံစားချက်တူလား...ဒီယီယွမ်က တကယ်ဂျီးနီးယပ်တစ်ယောက်ပဲ...ဒါပေမဲ့ သူက လေ့ကျင့်ချိန်နည်းပြီး စိတ်မရှည်ခဲ့ဘူး...ဒါက သူရုတ်တရက်အဆင့်မြင့်တက်လာခဲ့တဲ့ ဆိုးကျိုးတွေကြောင့်လို့ ငါထင်တယ်…..”

လျှိုဘူးရီက မရပ်မနားပြောဆိုနေသော်လည်း လောင်ထန်က ဝင်ရောက်ပြောဆိုခြင်းမရှိပေ။သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိကြ၏။ သူတို့တွေ့ဆုံကြသည့် အချိန်တိုင်း ထိုသို့ပြောဆိုကြလေ့ရှိသည်။

“ မင်းပြောတာ ဖြစ်နိုင်ပါတယ်...ဒါပေမဲ့ ယီယွမ်က ဖိန်ချင်းပေါင်နဲ့ သေခြင်းရှင်ခြင်းအဆုံးအဖြတ် တိုက်ပွဲ တုန်းက စနစ်တကျ စီစဉ်လုပ်ဆောင်ထားခဲ့တာ...သူက သူ့ကိုယ်သူသေအောင် ဂရုမစိုက်တာတော့ မဟုတ်နိုင်ဘူး…..” လောင်ထန်က ငြင်းဆိုလိုက်၏။

“ ဟူး...ငါပြောမယ်...မင်းကဘာလို့ ခေါင်းမာနေရတာလဲ...ငါတို့ လောင်းကြေးထပ်ကြမလား...ငါက မင်းရဲ့ စိတ်ဝိညာဉ်ဆေးလုံး ကို သွားရည်ကျနေတာ ကြာလှပြီ…..” လျှိုဘူးရီက ပေါ့ပေါ့ဆဆ ပြောဆိုခဲ့သည်။

“ လောင်းကြေး...ဟုတ်လား…..” လောင်ထန်က လျှိုဘူးရီ ကို တွေဝေနေသော အကြည့်ဖြင့် ကြည့်လိုက်၏။

“ဟုတ်တယ်...လောင်းမယ်...ဒီအခြေအနေကို ဖယ်ရှားဖို့ ယီယွမ်က ဝှက်ဖဲရှိသေးတယ်လို့ မင်းထင်တယ်ဆို...ရှုံးတဲ့သူနဲ့ နိုင်တဲ့သူကို လောင်းကြမယ်လေ...ဘယ်လိုလဲ…..” လျှိုဘူးရီက သူ၏ မျက်ဝန်းထဲမှ စိတ်ဝိညာဉ်ဆေးလုံး  လိုချင်စိတ်ကို သိုဝှက်မထားခဲ့ဘဲ လောင်ထန်ကို ကြည့်ခဲ့သည်။

စိတ်ဝိညာဉ်ဆေးလုံး မှာ အဆင့်(2)ဆေးလုံးဖြစ်ပြီး ဒန်ဝူအကယ်ဒမီမှ လောင်ထန်အား ဆုပေးထားခြင်းဖြစ်သည်။ထိုဆေးလုံးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် သိုင်းပညာရှင်များ ကို သာမန်အဆင့်တစ်ဆင့်၏ အဟန့်အတား ကို ကျော်ဖြတ်နိုင်ရန် ခုနှစ်ဆယ်ရာခိုင်နှုန်း ပိုမို မြင့်မားစေရန် အကူအညီပေးပေ၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now