Chapter 115

3.2K 407 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Chapter-115

“အမ်...စောစောက ပြင်းထန်တဲ့ ဓားအငွေ့အသက် ကို ငါခံစားလိုက်ရသေးတယ်လေ...အခု ဘာလို့ မခံစားရတော့တာလဲ...ယီယွမ်က ဒီ အဆင့် ကို အောင်အောင်မြင်မြင် ကျော်ဖြတ်သွားခဲ့လို့လား…..” ဟုရန်ယွမ် က ရုတ်တရက် ရေရွတ်လိုက်သည်။

“တကယ်လို့ သူအောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ရင် ကောင်းကင်ဘုံကိုးခုလျှောက်လမ်း က သက်တံ့လမ်းတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး သူ့ကို တောင်အောက်ပြန်ပို့ပေးမှာလေ…..”

ဖိန်လျှိုချင် ၏ စကားများက ထိုအဆင့်ကို ယီယွမ်အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြင်း မရှိသေးကြောင်း ဆိုလိုနေ၏။

“ဒါပေမဲ့...ဒီအခြေအနေက ဘာကြီးလဲ...ယီယွမ်က ဘာဖြစ်လို့…..” ကောင်းကင်ဘုံကိုးခုလျှောက်လမ်း မှ အခြေအနေများကို မြင်တွေ့ရခြင်း မရှိတော့၍ ဟုရန်ယွမ်၏ မှန်းဆနိုင်မှုက စတင်၍ လွတ်ထွက်လာခဲ့သည်။

“မှန်းဆပြောဆိုနေတာတွေ ရပ်လိုက်ကြစို့...ကျွန်မတို့က စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပဲ...ဒါပေမဲ့ ကောင်းကင်ဘုံကိုးခုလျှောက်လမ်း က ဒီတစ်ကြိမ် တကယ် ထူးဆန်းနေတယ်...ယီယွမ် က အထဲမှာ ဘာတွေ ကြုံတွေ့နေရတာလဲဆိုတာကိုပဲ ကျွန်မ အံ့သြနေတာ…..”

. . . . . .

မိုးပြာရောင်ငှက်ယန်ဓားသိုင်း ၏ နောက်ဆုံး ဓားအငွေ့အသက် စတင်ဆင်းသက်လာသည်နှင့် ယီယွမ်က လုံးဝရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ဓားအငွေ့အသက် ကို ထုတ်ဖော်လိုက်ပြီး သူ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။

ထိုအရာက သူ၏ ခုခံမှုအားလုံးကို စွန့်လွှတ်လိုက်သည်နှင့် အတူတူပင် ဖြစ်၏။

“ယီယွမ်...မင်း ဘာလုပ်နေတာလဲ...ဒီ ဓားအငွေ့အသက် ရဲ့ အင်အားက အလွန်ပြင်းထန်တယ်...ဒီလိုလုပ်ရင် မင်းသေသွားလိမ့်မယ်…..” လုယန်၏ အသံ ထွက်ပေါ်လာခဲ့သည်။

ယီယွမ်က လုယန်ကို လျစ်လျူရှုထားခဲ့၏။ အမှန်တကယ်တွင် သူက သီးသန့်အခြေအနေသို့ ရောက်ရှိနေပြီး သူ၏ အာရုံငါးပါးကို ထိန်းချုပ်ထားခဲ့၏။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Donde viven las historias. Descúbrelo ahora