ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(၁၃)
Chapter-143
“ဒါဆိုရင် ငါတို့ အခု ဘာလုပ်ရမှာလဲ ဆိုတာ အကြံပေးပါဦး ချန်းတစ်…..” စူးရီရှန်း က ချန်းတစ် ၏ အကြံကို တောင်းခံလိုက်သည်။
ချန်းတစ်ကလည်း အလွန် အံ့အားသင့်သွားခဲ့ပေသည်။ ထိုသခင်လေးအကြောင်း သူက အနည်းငယ် နားလည်ပေ၏။
စူးရီရှန်း က အရိုးစွဲအောင် မောက်မာလေ့ရှိပြီး သူတို့ကဲ့သို့ စူးမိသားစု၏ နောက်လိုက်များကို အထင်သေး အမြင်သေးနှင့် ဆက်ဆံလေ့ရှိပေသည်။
သို့သော် ယနေ့၌ စူးရီရှန်းက သူ၏ အကြံဥာဏ်ကို တောင်းခံနေခဲ့၏။
ကြည့်ရသည်မှာ ဤအခိုက်အတန့်တွင် စူးရီရှန်း က အနည်းငယ် ရင့်ကျက်သွားပုံရသည်။
ဤကဲ့သို့ပုံစံမျိုးဖြင့်သာ စူးမိသားစု၏ အမွေဆက်ခံသူအဖြစ် စူးရီရှန်း က ထိုက်တန်ပေ၏။
ချန်းတစ် က အချိန်ကြာကြာ စဉ်းစားခြင်းမရှိတော့ဘဲ သူ၏ အတွေးကို ပြောပြလိုက်သည်။ “သူတို့က သွေးနီတောင်ကြော ကို သွားသည်ဖြစ်စေ မသွားဘူးဖြစ်စေ ဦးတည်ချက်တစ်ခုက တိတိကျကျတော့ ရှိမှာပဲ...သူတို့က အဲဒီ ဆေးဖက်ဝင်ပစ္စည်း ကို အလွယ်တကူ မရနိုင်ဘူးလို့ ကျွန်တော် ထင်တယ်...ကျွန်တော်တို့က ညှို့ယူအရိပ်ပိုးကောင် ညွှန်ပြနေတဲ့အတိုင်း လိုက်သွားပြီး ချောင်းမြောင်းလုပ်ကြံဖို့ ပဲလိုတာလေ...သူလုံးဝ လွတ်မြောက်သွားမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်...ဒီလမ်းကြောင်းအတိုင်း ခွန်အားကြီးတဲ့ မိစ္ဆာသားရဲတွေရဲ့ နယ်မြေတွေကို ရှောင်ကွင်းပြီး သွားကြတာပေါ့...ဒီလမ်းတိုင်းသွားမယ်ဆိုရင် ကျွန်တော်တို့ နည်းနည်းပဲ နှောင့်နှေးသွားမယ်...အလွန်ဆုံးနောက်ကျရင် နေ့ဝက်လောက်ပဲ နောက်ကျမှာပါ...နောက်ဆုံးတော့ ကျွန်တော်တို့က သူတို့ကို လိုက်မီသွားမှာပဲလေ…..”
စူးရီရှန်း က အချိန် အနည်းငယ်ကြာအောင် စဉ်းစားတွေးတောပြီးနောက် ချန်းတစ်ပြောသည်က သဘာဝကျသည်ဟု သိရှိခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...