ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(7)
Chapter-79
ဇူးချိန်က သဲအိတ်တစ်လုံးကို ဖြစ်သွားခဲ့ပြီး အဝေးသို့ လွင့်ထွက်သွားခဲ့သည်။
သူက မီတာသုံးဆယ်ကျော် လွင့်ထွက်သွားပြီးမှ သူ့ကိုယ်သူ ဟန်ချက်ထိန်းနိုင်သွားခဲ့သည်။
သူ၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့သွားခဲ့ပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သိသာစွာပင် သူက ပြင်းထန်သော အတွင်းဒဏ်ရာ ရသွားခဲ့၏။
ချောင်ဟွာက သူ၏ လက်သီးကို ကြည့်လိုက် ဇူးချိန်ကို ကြည့်လိုက်ဖြင့် အိပ်မက်မက်နေသလို ခံစားနေရသည်။
“ ငါက ဒီလို လက်သီးချက်မျိုး အခု ထိုးလိုက်တာလား…..”
ဆေးလုံးက သူ၏ အစာအိမ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဆေး၏ စွမ်းအင်များကို သူ၏ ညာဘက်လက်မောင်းတွင် စီးဆင်းစေလိုက်၏။
ထို့နောက် သူ၏ ညာဘက်လက်မောင်းက ခွန်အားရုတ်တရက် မြင့်မားလာကြောင်း ခံစားခဲ့ရသည်။
ထိုမြင့်မားလာသော ခွန်အားက သူ့အား ခွန်အားအသုံးပြုရန် တိုက်တွန်းနေသလိုပင် ခံစားလိုက်ရ၏။
မူလသဘောတူညီထားသည့်အတိုင်း ချောင်ဟွာက သိုင်းပညာရပ်တစ်ခုမှ အသုံးမပြုခဲ့ဘဲ လက်သီးတစ်ချက်သာ ထိုးခဲ့ခြင်း ဖြစ်၏။ သို့ရာတွင် ထို ရိုးရှင်းသော လက်သီးချက်က အဆင့်(5)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ထူးချွန်သူတစ်ယောက်ကို ဒဏ်ရာရသွားစေခဲ့သည်။
“ အစ်ကိုဇူး...အဆင်ပြေရဲ့လား…..” ဇူးချိန်ကို ဒဏ်ရာရစေရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း လက်တွေ့ဖြစ်ရပ်မှာ ချောင်ဟွာ က ဇူးချိန် ကို ဒဏ်ရာရရှိစေခဲ့ခြင်းဖြစ်၏။
“ အ...အဆင်ပြေပါတယ်…..”
ဇူးချိန်က ထိုမျှ ခွန်အားပြင်းထန်သော လက်သီးချက်က သူ့အားအမှန်တကယ် ဒဏ်ရာရသွားစေမည်ဟု မျှော်လင့်မထားခဲ့ပေ။
အမှန်တကယ်တွင် ဤလက်သီးချက်က သူ့အား ဒဏ်ရာအများအပြား ရရှိစေခြင်း မရှိပေ။ အမှန်တရားကား ချောင်ဟွာက သိုင်းပညာရပ်တစ်ခုမှ အသုံးမပြုခဲ့၍ ထိုခွန်အားကလည်း ခွန်အားအပြည့်အဝ ထုတ်သုံးခြင်း မဟုတ်နိုင်ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...