ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(8)
Chapter-87
" အခု...ငါ တစ်ယောက်ယောက် ကို သတ်ချင်နေပြီ...ငါ့ကို တားဆီးတဲ့ သူက ငါ့ရန်သူပဲ...သူ မသေမချင်း ငါ မရပ်တန့်နိုင်ဘူး....."
ယီယွမ် ၏ စကားများက ဖိန်လျှိုချင် ၏ နားထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့၏။ သူက ဖိန်လျှိုချင် လိုက်လာသည်ကို သိရှိခဲ့ပြီး ဖြစ်သည်။
အကယ်၍ ဖိန်လျှိုချင် ကသာ တားဆီးမည်ဆိုပါက ကျန်းဟန်ကို ယီယွမ် က သတ်ရန် မဖြစ်နိုင်တော့ပေ။
ဤအရာက သတိပေးလိုက်ခြင်းပင်။
မည်သူမှ ပြန်လည်ဖြေကြားခြင်းမရှိသော်လည်း သဘောတူလိုက်သည်မှာ ပေါ်လွင်နေ၏။
ကျန်းဟန်က ရယ်စရာကောင်းသော ပြက်လုံးတစ်ခုကို ကြားလိုက်ရသလိုပင် အားပါးတရ ရယ်မောလိုက်သည်။ "ဟားဟား...ငါ့ကို သတ်မယ်ဟုတ်လား...မင်းက ယီယွမ်ပေါ့...မင်းလို အဆင့်(6)ချီစွမ်းအင်အဆင့် က ငါ့ကို သတ်မယ်တဲ့လား...မင်းတို့နှစ်ယောက်က ကိုယ့်အဆင့် ကိုယ်မသိကြဘူးပဲ....."
ယီယွမ် က မည်သည့်အပြုအမူမှ မပြုလုပ်ခဲ့ဘဲ အေးစက်စွာ ပြောခဲ့၏။ "ဒါကို မင်းဘာသာ လုပ်တာလား...တစ်ယောက်ယောက် က မင်းကို လုပ်ခိုင်းတာလား...ငါမင်းကို မသတ်ခင် ပြောစမ်း....."
ယီယွမ်က ကျန်းဟန်နှင့် ဆက်ဆံမှုမရှိပေ။ လျူအာက တစ်စုံတစ်ဦးကို ရန်စသည်မှာ မဖြစ်နိုင်၍ ကျန်းဟန်က လျူအာကို အကြောင်းမရှိဘဲ အနိုင်ကျင့်မည်ဟု ယီယွမ် မယုံကြည်ပေ။
ယခု ကျန်းဟန်က သူ့အား တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားခဲ့ရာ သူ၏ ထင်မြင်ချက် မှန်ကန်နေပြီဟု ယီယွမ်သိရှိလိုက်သည်။
" ဟာသပဲ...မင်းက အဆင့်(6)ချီစွမ်းအင်အဆင့် ပဲ ရှိသေးတာကို ဒီလိုမောက်မာရဲတယ်ပေါ့...မင်းက အနက်ရောင်အဆင့်စမ်းသပ်စစ်ဆေးခြင်းကို အောင်မြင်ပြီး ကျင့်စဉ်အဆင့်တိုးလာတာနဲ့ မြေကမ္ဘာအဆင့် ကျောင်းသားတွေကို စိန်ခေါ်နိုင်ပြီလို့ ထင်တာလား...ငါ့အသက်ကို ယူမယ်ဟုတ်လား...ငါမြင်အောင် သက်သေပြလိုက်စမ်းပါ....."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...