ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ- ဖြိုးသူဝင်း
စာစဉ် ( ၁၅ )
Chapter-173
လကြာပန်းချောက်ကမ်းပါး…..
အလွန်နက်ရှိုင်းပြီး ကျယ်ပြန့်သောဧရိယာရှိသည့်ချောက်ကမ်းပါးတစ်ခုက အဆုံးမဲ့တောအုပ်၏အစမှ မိုင်တစ်ထောင်ကျော်အကွာအဝေးတွင် တည်ရှိနေသည်။မိုင်တစ်ထောင်အကွာအဝေးက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သိုင်းပညာရှင်များအတွက် အကန့်အသတ်ဖြစ်သည်။ ထိုထက်ပို၍ မြောက်ဘက်သို့ဆက်လက်ဦးတည်သွားပါက အန္တရာယ်များနှင့်
အဆပေါင်းများစွာပိုမိုကြုံတွေ့လာရပေမည်။အဆုံးမဲ့တောအုပ်၏အစမှ အချင်းဝက်မိုင်တစ်ထောင်အကွာအဝေးက အများအားဖြင့် အဆင့်(2)မိစ္ဆာသားရဲများ၏ နယ်မြေဖြစ်သည်။ သွေးနီတောင်ကြောကဲ့သို့ အလွန်အမင်းနည်းပါးသောနယ်မြေများ၌သာ အဆင့်(3)မိစ္ဆာသားရဲများ ရှိတတ်ကြပေ၏။
ထို့ပြင် အချင်းဝက်မိုင်တစ်ထောင်ထက်ပိုသော နယ်မြေများတွင် အဆင့်(3)မိစ္ဆာသားရဲများ၏ အရေအတွက်က အလွန်များပြားလာကြပေသည်။
သာမန်အခြေအနေများအောက်တွင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်များက ဤမိုင်တစ်ထောင်ကျော်အကွာအဝေးကို ဖြတ်သန်းသွားလာလိုစိတ်မရှိကြပေ။
ပုံမှန်အားဖြင့် လကြာပန်းချောက်ကမ်းပါးက လူသွားလူလာနည်းပါးသော နေရာဒေသဖြစ်၏။
သို့သော် ဤရက်အနည်းငယ်အတွင်း လကြာပန်းချောက်ကမ်းပါး၌ လူသားသိုင်းပညာရှင်များ ပို၍ပို၍များပြားစွာ စုဝေးလာခဲ့ကြ၏။ သူတို့၏ ခွန်အားများမှာလည်း ပို၍အစွမ်းထက်လာကြပေသည်။
အားနည်းသော အဆင့်(1)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်နှင့် အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်တို့မှစ၍ အဆင့်(8)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်နှင့် အဆင့်(9)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်များလည်း ဤနေရာတွင် အလွန်များပြားစွာရောက်ရှိနေကြ၏။ သူတို့အထဲတွင် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသော စူးယူဘိုင်နှင့် ခွန်အားတူညီသော သိုင်းပညာရှင်အချို့ပင် ပါဝင်နေခဲ့ကြသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...