Chapter 139

2.2K 255 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(12)

Chapter-139

“ဝိညာဉ်မှော်ရတနာရဲ့ ပိုင်ရှင်ပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ ကျွန်တော်တို့က တစ်နှစ်ဆိုတဲ့ ကာလကို အဆုံးအဖြတ်လုပ်ကြမယ်လေ...ခေါင်းဆောင်ရဲ့ ခွန်အား က အကြီးဆုံးမို့ ခေါင်းဆောင်က နှစ်ဝက်အချိန်ယူပါ...ကျန်တဲ့နှစ်ဝက်အချိန်ကတော့ ကျွန်တော်တို့ သုံးယောက်ခွဲခြမ်းလိုက်ပါမယ်...ကျွန်တော် တို့ တစ်ဦးချင်းစီက နှစ်လ ဆိုပြီး အညီအမျှ ခွဲဝေလိုက်ကြရင် အကောင်းဆုံးပါ…..”

ဒုတိယညီလေး က စကားများများပြောမိလာလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်သည်။ သူ၏ ခွဲဝေမည့် အစီအစဉ် က သင့်လျော်မှု အရှိဆုံး ဖြစ်သည်ဟု သူက ထင်မြင်နေခဲ့၏။ ထိုအစီအစဉ်က ခေါင်းဆောင်၏ မကျေနပ်မှုကို ပယ်ဖျောက်ပေးနိုင်ပြီး သူကိုယ်တိုင်လည်း ဝိညာဉ်မှော်ရတနာတစ်ခုကို အချိန်တစ်ခုကြာ အသုံးပြုနိုင်ပေမည်။

“အိုး..မင်းရဲ့ အကြံအစည် က တော်တော်ကောင်းတာပဲ...ငါ သဘောတူတယ်…..” ချန်းဂျိချူက ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒါဆိုရင် ကျန်တဲ့ ညီအစ်ကို တွေကရော ဘယ်လိုထင်လဲ…..” ဒုတိယညီလေး က နောက်တစ်ကြိမ် ထပ်မံ မေးမြန်းခဲ့၏။

တတိယညီလေး နှင့် စတုတ္ထညီလေး တို့က ငြင်းပယ်ရန် စိတ်ကူး လုံးဝမရှိပေ။

ဒုတိယညီလေး က နောက်တစ်ကြိမ် ထပ်မံပြောလိုက်သည်။ “ဒီလိုမျိုး ငြင်းပယ်မဲ့သူ မရှိဘူးဆိုရင် ဒီကိစ္စကို စောစောကအတိုင်း ဆုံးဖြတ်လိုက်ကြတာပေါ့...ဒါပေမဲ့ လူတိုင်းက အနာဂတ်မှာ စိတ်ပြောင်းလဲခြင်း မရှိရအောင် မိုးကောင်းကင်တာအိုကို တိုင်တည်ပြီး သစ္စာပြုကြတာ ပိုကောင်း...အားးး…..”

ဒုတိယညီလေး က သူ၏စကားကို အဆုံးသတ်အောင်ပင် မပြောလိုက်ရဘဲ အဝေးသို့ လွင့်ပျံသွားခဲ့၏။

သူက လေထဲတွင် သွေးများစွာ ပန်းထွက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျသွားခဲ့သည်။ သို့သော် သူက အသက်ရှူမှု မရှိတော့ပေ။ သူက သေဆုံးသွားသည်မှာ သိသာလှပေသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now