ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၅ )
Chapter-180
ခုခံတိုက်ခိုက်မှုက မျှော်မှန်းထားသလောက် ပြင်းထန်ခြင်းမရှိပေ။ ယွမ်ဖန်းက လက်မောင်းရှည်ကျောက်တုံးမျောက်ဝံ အုပ်စုကြီးတစ်ခုကိုခေါ်ဆောင်၍ ကြီးမားသော ဝင်ပေါက်တစ်ခုကို ဖွင့်ပေးခဲ့သည်။ (မြေကမ္ဘာမီးလျှံပုတက်တွေရဲ့နောက်မှာ ဂူတစ်ခုရှိနေပါတယ်…..)
ထိုမြေကမ္ဘာမီးလျှံပုတက်ဘုရင်ကြီးက ယွမ်ဖန်းရုတ်တရက်ထွက်ပေါ်လာသည်ကို မြင်၍ အံ့သြနေခဲ့ရာ ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန် ကောင်းစွာပြင်ဆင်နိုင်ခြင်းမရှိခဲ့ပေ။
ယွမ်ဖန်းက သူ၏မျိုးရိုးဆက်ခံလာခဲ့သော မှတ်ဥာဏ်များကို နိုးထစေနိုင်ခဲ့ပြီး ဖြစ်သည်။ သူ၏ဥာဏ်ရည်က လူသားများအောက် နိမ့်ကျခြင်းမရှိပေ။ အဆင့်(5)လူသားအသွင်ပြောင်းလဲခြင်း မိစ္ဆာသားရဲများနှင့် ယှဉ်လျှင် ယွမ်ဖန်းက ဥာဏ်ရည်နိမ့်ကျခြင်းမရှိတော့ပေ။
သူကလက်မောင်းရှည်ကျောက်တုံးမျောက်ဝံများကို ဦးဆောင်လာခဲ့ခြင်းဖြစ်ရာ မြေကမ္ဘာမီးလျှံပုတက်ဘုရင်ကြီးအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ခဲ့ပေ။
ယီယွမ်က တွေဝေနေခြင်းမရှိဘဲ ဝင်ပေါက်ကြီးဆီသို့ ချက်ချင်းဝင်ရောက်သွားခဲ့၏။
သူ၏ခြေလှမ်းသိုင်းပညာရပ်က အလွန့်အလွန် လျင်မြန်သွက်လက်နေပေရာ ရှုပ်ထွေးသောတိုက်ပွဲများအကြားမှ ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး လိုဏ်ဂူအတွင်းသို့ နက်ရှိုင်းစွာဦးတည်ဝင်ရောက်သွားခဲ့သည်။
သူကနက်ရှိုင်းစွာသွားရောက်လေလေ ဤမြေအောက်လိုဏ်ဂူက ပို၍ကျယ်ပြန့်လာသည်ကို ယီယွမ်က တွေ့ရှိလိုက်ရ၏။
နောက်ဆုံးတွင် သူကလိုဏ်ဂူအဆုံးသို့ ရောက်လာခဲ့၏။ ဤနေရာကအမှန်တကယ်ပင် ကျယ်ပြန့်သောမြေအောက်ကွက်လပ်ကြီးတစ်ခု ဖြစ်ပေသည်။
ဤကွက်လပ်ကြီးက သက်ရှိများလုံးဝမရှိဘဲ အလွတ်နီးပါးဖြစ်နေခဲ့သည်။ မြေအောက်ကျောက်တုံးများမှလွဲ၍ ချော်ရည်ခဲများက အများအပြား ရှိနေခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...