ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 41
လောင်ထန် က မည်သို့ဖြစ်ပျက်သွားသည်ကို မသိခဲ့သော်လည်း ဒန်ဝူအကယ်ဒမီမှ ကျောင်းသားများတွင် ထိုသိုင်းပညာရပ်နှင့် အနီးစပ်ဆုံးသူမှာ သူ့အပြင် အခြားသူမရှိချေ။
ယီယွမ်ယခု အသုံးပြုလိုက်သည်မှာ အမှန်တကယ်ပင် "ပထမအလွှာ" ဖြစ်ပေသည်။
"ဒါက ပထမဆုံးအကြိမ် သူက ကျောက်စိမ်းတုံးကို ကြည့်ရှုတာလား???သူကတကယ်ပဲ သုံးရက်ထဲနဲ့ အောင်မြင်ခဲ့တာပဲ....."လောင်ထန် ၏ စကားများတွင် ခံစားချက်များစွာ ရောထွေးပါဝင်နေ၏။
လျှိုဘူးရီ က ထိုအချက်ကို သတိရသွားပြီး မေးမြန်းလိုက်၏။"မင်းဆိုလိုတာက သူက အရင်က လေ့ကျင့်ဖူးတယ်လား???ဒါဆို လူအများကို လိမ်လည်ထားတာပေါ့.....အဲ့လိုဆိုရင် ဖြစ်နိုင်လောက်တယ်....."
လျှိုဘူးရီ က ပို၍ တွေးတောလေလေ ထိုအရာက ကိစ္စများ၏ အကြောင်းရင်းဖြစ်မည်ဟု ထင်မြင်မိလာလေဖြစ်သည်။သူ၏ မူပိုင်အမှတ်အသားဖြစ်သော တည်ငြိမ်အေးချမ်းခြင်း အငွေ့အသက်များ မျက်နှာတွင် ပြန်လည်ပေါ်ထွက်လာသော်လည်း အနည်းငယ် ဖိအားဝင်နေသလို ဖြစ်နေ၏။"ဒါကြောင့်မို့ ငါပြောပါတယ်.....မင်းထက် ဘယ်သူကများ ပိုပြီး မွန်းစတား ဆန်မှာလဲလို့.....ပြီးတော့ သူ့ရဲ့ မွန်းစတားဆန်မှုက ဒီလောက်အထိတောင်လားဟ......"
လောင်ထန်က ခေါင်းငြိမ့်၍ အသာအယာ ပြောဆိုလိုက်သည်။"ငါ က အဲ့လိုပြောတာ မဟုတ်ဘူး.....ဒါက ယူဆချက်တစ်ခုပဲ....တကယ်က ကျောက်စိမ်းတုံးကို သူကြည့်တာ ပထမဆုံးအကြိမ် ဆိုတာ ငါ မယုံနိုင်လို့ပဲ......"
လျှိုဘူးရီ က ပြောစရာစကားမရှိတော့သလို တိတ်ဆိတ်သွားခဲ့သည်။
စင်မြင့်အောက်မှ ဟုရန်ယွမ် ၏ အမူအရာမှာ မူလကနှင့် မတူတော့ဘဲ သူ၏မျက်လုံးထဲတွင် စ်ိတ်ဝင်စားသည့် အရိပ်အယောင် များ ဖြတ်ပြေးသွားခဲ့၏။
သူက ယီယွမ်၏ တိုက်ခိုက်မှုကြောင့် အံ့သြနေခြင်းဖြစ်သော်လည်း "ရေလွှာလက်ဖဝါးပညာရပ်"ကြောင့် အံ့အားသင့်ခြင်းမဟုတ်ဘဲ ယီယွမ်၏ ရွေ့လျားနည်းပညာရပ်ကြောင့် ဖြစ်သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...