ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-100
စောစောက ယီယွမ်သည် မောက်မာစွာဖြင့် လူတစ်ယောက်၏ ဦးခေါင်းကို လာယူမည်ဟု ကြိမ်းဝါးနေခဲ့သည်။
ယခုအချိန်တွင် သူက မိန်းမတစ်ယောက်၏ နောက်တွင် ပုန်းရှောင်နေ၏။အရှက်မဲ့လိုက်သည်မှာ ကမ်းကုန်အောင်ပင်။
သို့သော် ထိုအပြုအမူက အမှန်တကယ် အသုံးဝင်ပေသည်။
စူးယူဘိုင်က မည်မျှပင် ဒေါသထွက်နေပါစေ ဖိန်လျှိုချင် အား လုံးဝ မတိုက်ခိုက်ရဲပေ။
ယီယွမ်က ထိုအချက်ကို အစောကြီးကတည်းက သတိထားမိခဲ့၏။ဖိန်လျှိုချင်၏ အစစ်အမှန် ပုံရိပ်ကို သိချင်သွားခဲ့၏။သူမက သာမန် ဆရာမ တစ်ယောက် မဖြစ်နိုင်ပေ။
သို့ရာတွင် ယီယွမ်၏အတိတ်မှတ်ဥာဏ်များတွင်လည်း ချင်နိုင်ငံ ၌ ဖိန်မျိုးရိုး ဖြင့် မိသားစုကြီးတစ်ခုကို ကြားဖူးခဲ့ခြင်း မရှိပေ။
“ဆရာမဖိန်...ကျွန်တော့်ဘာသာ အစည်းအဝေးခန်းမ ကို သွားချင်တယ်...ပြဿနာရှိလား…..” ခံစားချက်မရှိသယောင်ဖြင့် ပြောဆိုလိုက်သည်။
ဖိန်လျှိုချင် က သက်ပြင်းချ၍ ခေါင်းညိတ်လိုက်၏။
ဖိန်လျှိုချင် က အလွန်လှပပြီး သူမ၏ သွေးထဲတွင် အင်ပါရီယာမိသားစု ၏ အဆင့်အတန်းပုံရိပ်များရှိနေပေသည်။မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း
သူမရှေ့မှ လူငယ်လေး၏ စကားများကို ပယ်ရှားနိုင်စွမ်းမရှိပေ။မကြာခဏ အရှက်ခွဲခံနေရ၍ စူးယူဘိုင်က နောက်ထပ် အရှက်ခွဲ မခံလိုတော့ပေ။
သူက အေးစက်စက်ကြည့်၍ လှည့်ထွက်သွားခဲ့၏။
သူတို့က အစည်းအဝေး ခန်းမကို မသွားဘဲ မနေရဲကြောင်း ယုံကြည်ထားပေသည်။
စူးယူဘိုင် ထွက်သွားပြီးနောက် ယီယွမ်က ဟုရန်ယွမ် ကို ဂါရဝပြုလိုက်၏။ “ကျွန်တော့် ကို ကယ်ဆယ်ပေးခဲ့တာ ကျေးဇူး အများကြီး တင်ပါတယ် ဆရာဟုရန်…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...