ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၁၅ )
Chapter-176
“ဘာလို့လဲ… ရှီးကိုင်ယွန် မင်းကဒီအချိန်မှာ သူ့ကိုကာကွယ်ပေးမလို့တော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား…..” လင်ဖန်းက ပြင်းထန်စူးရှသော လေသံဖြင့် မေးမြန်းလိုက်သည်။
ဤအခိုက်အတန့်၌ လူတိုင်း၏ခံစားချက်များ ပြင်းထန်နေကြပြီဖြစ်သည်။ လင်ဖန်းကိုယ်တိုင်က လိမ်ညာလှည့်စားခြင်းခံလိုက်ရသူဖြစ်၍ သူ၏လေသံက လုံးဝပင် တင်းမာနေခဲ့ပေ၏။
သို့ရာတွင် ရှီးကိုင်ယွန်က စိတ်ထဲမထားခဲ့ပေ။ သူကရေခဲတမျှအေးစက်နေသော အသံဖြင့်ပြောဆိုလိုက်သည်။ “လင်ဖန်း ဒီကိစ္စကို ငါ့လက်ထဲလွှဲထားလိုက်… ငါကသူ့ဆီကနေ အရာအားလုံးအတွက် မေးမြန်းစရာရှိသေးတယ်… အဲဒီအချိန်ကျမှ သူ့ကိုမင်းလက်ထဲထည့်လိုက်ရင်လည်း နောက်မကျသေးပါဘူး…..”
ထိုသို့ပြောနေရင်း ရှီးကိုင်ယွန်က ဆေးလုံးကုန်သည်ကို ကြည့်လိုက်သည်။ ထိုရေခဲတမျှအေးစက်နေသည့်အကြည့်က ဆေးလုံးကုန်သည်ကို အလွန်အမင်းတုန်လှုပ်သွားစေခဲ့၏။
ရှီးကိုင်ယွန်က ထိုသို့ပြောလိုက်ချိန်တွင် လင်ဖန်းက ငြင်းဆန်ခြင်းမပြုတော့ပေ။ သူ၏လက်များမှ ဖုန်များကို ခါချလိုက်ပြီး ပြောခဲ့သည်။ “ကောင်းပြီလေ… မင်းလက်ထဲကို ထည့်ပေးထားခဲ့မယ်…..”
ရှီးကိုင်ယွန်က ဆေးလုံးကုန်သည်ကို ကြည့်၍ အေးစက်စွာ မေးမြန်းလိုက်၏။ “မင်းဘာသာဝန်ခံမှာလား ဒါမှမဟုတ် ငါ့ဘာသာစစ်ဆေးမေးမြန်းရမှာလား…..”
ဆေးလုံးကုန်သည်က အံကိုတင်းတင်းကြိတ်၍ နောက်သို့ဆုတ်ပြေးမည့်ဟန်ဖြင့် ရှီးကိုင်ယွန်အား ရုတ်တရက် တိုက်ခိုက်လိုက်သည်။
သို့သော် ရှီးကိုင်ယွန်ကို မထိခင်အချိန်လေး၌ ဘေးမှလူတစ်ယောက်က သူ၏နံကြားကို တိုက်ခိုက်လိုက်ပေ၏။
ဆေးလုံးကုန်သည်က အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ကပျာကယာရှောင်တိမ်းလိုက်၏။ သို့သော် နောက်ထပ်လူတစ်ယောက်က သူ၏နောက်ဆုတ်မည့်လမ်းကြောင်းကို ပိတ်ပင်တားဆီးထားခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...