ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(8)
Chapter-84
ဆေးဖက်ဝင်ပစ္စည်းများအောက်မှ ပေါင်းပင်များကို ဆွဲထုတ်ရန် လျူအာကြိုးစားလိုက်သည်။
ထိုပေါင်းပင်များမှာ မယုံနိုင်လောက်အောင် များပြား၏။ လျူအာက ပေါင်းပင်များကို ဖယ်ရှားရန် ခွန်အားကြီးမားစွာ အသုံးပြုနေရကြောင်း လူတိုင်း တွေ့မြင်နိုင်၏။
သို့ဖြစ်၍ လျူအာက လွန်ခဲ့သောရက်များအတွင်း အနားမယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သူမက သခင်လေးအတွက် ဒုက္ခ ရောက်စေမှုမရှိရန် နှင့် သခင်လေး မျက်နှာ မပျက်စေလိုခြင်း ဖြစ်၏။
ပထမနှစ်ရက်တွင် လျူအာ၏ ပေါင်းရှင်းမှုမှာ အလွန်မြန်ဆန်ခဲ့၏။ သို့သော် နောက်နှစ်ရက်တွင် သူမ၏ မြန်နှုန်းက ရုတ်တရက် ကျဆင်းသွားခဲ့သည်။ထိုသို့ဖြစ်ရခြင်းမှာ သူမ၏ ခန္ဓာကိုယ်မှ ကိုယ်တွင်းစွမ်းအင် များ အလွန်အမင်း ကျဆင်းသွားသောကြောင့်ဖြစ်သည်။
လျူအာက ကိုယ်တွင်းစွမ်းအင် များ ပြန်လည်ပြည့်ဖြိုးလာစေရန် ခေတ္တအနားယူသော်လည်း သူမ၏ ကိုယ်တွင်းစွမ်းအင် ဆုံးရှုံးမှုမှာ ပို၍ လျင်မြန်လာခဲ့၏။
ထို့ကြောင့် သူမ၏ ပေါင်းပင်ရှင်းနှုန်းမှာလည်း ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ပထမနှစ်ရက်က သူမက တစ်ဝက်နီးပါး ပြီးစီးခဲ့သော်လည်း နောက်နှစ်ရက်တွင် အားလုံး၏ ခုနှစ်ဆယ်ရာခိုင်နှုန်း ခန့်သာ ပြီးစီးခဲ့၏။ ထို့နောက် တဖြည်းဖြည်း နှေးကွေးလာခဲ့၏။
လျူအာ၏ ခံနိုင်ရည်မှာ အလွန်ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အပေါ်မျက်ခွံနှင့် အောက်မျက်ခွံတို့ မှာ တုန်ရီနေကြ၏။ တစ်စုံတစ်ယောက် ကသာ သူမအား ရှေ့ဆက်လုပ်ဆောင်နိုင်ရန် တွန်းအားပေးနေခြင်းဖြစ်သည်။
ရုတ်တရက် ခြေတစ်စုံမှာ လျူအာ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ လျူအာ၏ မျက်နှာမော့လာခဲ့ပြီး သူမ၏ ခေါင်းကို အပေါ်သို့ မော့ယူခြင်း ခံလိုက်ရ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...