Chapter 109

2.8K 335 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(10)

Chapter-109

ကောင်းကင်ဘုံကိုးခုတောင်ထိပ်၏ အောက်ခြေတွင် လုံးဝတိတ်ဆိတ်နေခဲ့ကြသည်။

ယီယွမ်က ပဉ္စမမြောက် ခြေလှမ်း၌ ရပ်တန့်နေသည်မှာ လေးနာရီခန့်ကြာမြင့်နေပြီဖြစ်သည်။သို့ရာတွင် သူက ပထမခြေလှမ်း ၃၃၃ လှမ်း ကို အချိန်နှစ်နာရီမျှသာ ယူခဲ့ရပြီး ဖြတ်ကျော်နိုင်ခဲ့၏။

ကျောင်းသားများက တောင်ထိပ်ပေါ်တွင် ရပ်တန့်နေသော ပုံရိပ်ကို ကြည့်နေခဲ့ကြ၏။ မူလက ထိတ်လန့်တုန်လှုပ်စိတ်လှုပ်ရှားမှုများနှင့် စိတ်ပျက်လက်ပျက် ရှိနေမှုများက လက်ရှိအချိန်တွင် သက်ပြင်းများချနေခဲ့ပြီး သနားနေခဲ့ကြသည်။

စိုးရိမ်မှုများက အမြင့်ဆုံးအဆင့်မှ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့၏။

ယီယွမ်၏ လျှောက်လှမ်းမှု ပုံစံက မူလအစ၌ လူတိုင်းအား သန်မာမှုကို ခံစားစေခဲ့ရသော်လည်း အဆုံးသတ်တွင် အားနည်းသွားခဲ့ပေသည်။

ပထမအဆင့်က အလွန်လျင်မြန်ခဲ့သော်လည်း ဒုတိယအဆင့်တွင်မူ အစကတည်းက ကျရှုံးသွားခဲ့သည်။ အရှေ့နှင့် အနောက် ကွာခြားမှုက သိသာလှပေ၏။

ထိုအချက်ကြောင့် ယီယွမ်ထပ်မံကျော်ဖြတ်နိုင်မည်ဟု မည်သူကမှ မထင်ခဲ့တော့ပေ။ သူတို့၏ ယုံကြည်မှုများမှာ ဖြတ်ကျော်ရန်ကြာမြင့်နေမှုကြောင့် ပျောက်ကွယ်သွားခဲ့ပေပြီ။

ခြေလှမ်းတစ်ခုတည်း၌ အချိန်လေးနာရီခန့် ရပ်တန့်နေခဲ့၏။နောက်ထပ် ခြေလှမ်း ၃၂၈ လှမ်း ကျန်ရှိနေသေးသည်။

သူက မည်သို့ ကျော်ဖြတ်နိုင်မည်နည်း…..

“ဟမ့်...လှည့်စားနေတာပဲ...သူက စောစောက အကျိုးကျေးဇူးရအောင်လို့ လှည့်ကွက်အချို့ကို သုံးခဲ့တာနေမှာ...ဒါကြောင့် သူက လွယ်လင့်တကူ ဖြတ်ကျော်သွားနိုင်တာ…..” စူးယူဘိုင်က အေးစက်စွာ အပြစ်တင်လိုက်၏။

“အတိတ်က အတွေ့အကြုံတွေအရဆိုရင် ကောင်းကင်ဘုံကိုးခုလျှောက်လမ်းရဲ့ ဒုတိယအဆင့် က ပုံရိပ်ယောင်ကမ္ဘာပဲ...ဒီ ပုံရိပ်ယောင်ကမ္ဘာက ခြေလှမ်းပိုများလာလေ ပိုပြီး ကြောက်စရာကောင်းလာလေပဲ...နောက်ဆုံး မှာ ပုံရိပ်ယောင်ကမ္ဘာ ထဲကို ဝင်ရောက်လာတဲ့လူတွေက သူတို့ဘာသာ လွတ်မြောက်အောင် ရုန်းမထွက်နိုင်ကြတော့ဘူး...ယီယွမ်က ပဉ္စမမြောက် ခြေလှမ်းမှာတင် ပုံရိပ်ယောင်ကမ္ဘာ ထဲကို နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားခဲ့လို့ ဤအခြေအနေမှာ လွတ်မြောက်ဖို့ အခွင့်အရေးမရှိတော့ဘူး…..” ကျန်းစွန်းထောင် က ဤတစ်ကြိမ်တွင် ရှားရှားပါးပါး မှတ်ချက်ချခဲ့သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now