ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(7)
Chapter-81
“ ဘယ်လို...ယီယွမ်က အဆင့်(4)ချီစွမ်းအင်အဆင့် နဲ့ မှော်ဆေးပညာရှင်မာစတာစာမေးပွဲကို အောင်မြင်ခဲ့တယ်လို့ မင်းပြောလိုက်တာလား…..”
ဂျင်ယွန်ဟီ က ယခုလို စိတ်လှုပ်ရှားမှုမျိုး တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။ သို့သော် ဖိန်လျှိုချင် ယူလာခဲ့သော သတင်းက သူ့အား အံ့ဩသွားစေခဲ့သည်။
“ ဟုတ်တယ်...သူက အဆင့်နိမ့်အဆင့် မှော်ဆေးပညာရှင်မာစတာ စာမေးပွဲ ကို အောင်မြင်ခဲ့ရုံသာမကဘူး...အဆင့်(2)အဆင့်အမြင့်ဆုံးအဆင့် ခွန်အားဖြည့်ဆေးလုံး ကို ပါ ဖော်စပ်ခဲ့တာ...စပ်းသပ်ကြည့်လိုက်တော့ အဆင့်(1)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် သိုင်းပညာရှင်တစ်ယောက်က ဆေးလုံးကို မှီဝဲ လိုက်တဲ့အခါ အဆင့်(5)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် သိုင်းပညာရှင်တစ်ယောက်ကို အနိုင်ယူနိုင်တဲ့ ခွန်အား ပိုင်ဆိုင်လာခဲ့တယ်…..” ဖိန်လျှိုချင် က သူမ၏ စကားကြောင့် တစ်ခြားသူ ထိတ်လန့်သွားမည်ကို မျှော်လင့်မထားခဲ့ပေ။
“ အဆင့်(2)အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံး...အဆင့်(1)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် က အဆင့်(5)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့် ကို အနိုင်ယူနိုင်ခဲ့တာ…..”
ဂျင်ယွန်ဟီ၏ ဦးနှောက်မှာ ရုတ်တရက် ဗလာကျင်းသွားခဲ့သည်။ ဖိန်လျှိုချင်ပြောလိုက်သည်မှာ သူ၏ နားလည်နိုင်စွမ်းနှင့် လုံးဝ ဆန့်ကျင်နေသောကြောင့် ဖြစ်၏။
ဂျင်ယွန်ဟီက ထိုသို့ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသည်ကို ကြည့်၍ ဖိန်လျှိုချင်က ရယ်ချင်နေခဲ့သည်။ ဒန်ဝူအကယ်ဒမီ တွင် သူမနေထိုင်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ဂျင်ယွန်ဟီကို ယခုလို ပုံစံမျိုးတစ်ခါမှ မမြင်ဖူးခဲ့ပေ။
“ ယီယွမ်က မှော်ဆေးပညာရှင်မာစတာအဆင့် ရောက်နေတဲ့ စိတ်တန်ခိုစွမ်းအား နဲ့ မွေးဖွားလာခဲ့တာလား…..” အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ဂျင်ယွန်ဟီ က မေးမြန်းလိုက်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...