Chapter 35

3.9K 492 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 35

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာပြီးနောက် ယီယွမ်က စာအုပ်ဒါဇင်ပေါင်းများစွာကို ဖတ်ရှုခဲ့ပြီး မျက်စိတွေ့သော စာအုပ်တစ်အုပ်တစ်လေမျှ မတွေ့ခဲ့ပေ။

ယီယွမ် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်မိ၏။ကြည့်ရသည်မှာ ငြိမ်သက်တိမ်တိုက်အဖွဲ့က တွန့်တိုတတ်ပုံရပြီး ကောင်းမွန်သောပညာရပ်များကို အများသိအောင် ဖော်ထုတ်ပြလိုခြင်း မရှိ၍ဖြစ်သည်။

သို့သော် အဓိကအကြောင်းရင်းကို စဉ်းစားမိလိုက်၍ သူ စိတ်သက်သာရာ ရသွားခဲ့သည်။ကျင့်ကြံခြင်း ဥပဒေသများနှင့် သိုင်းပညာရပ်များက အဖွဲ့အစည်းတစ်ခု၏ အခြေခံများဖြစ်ရာ အလွန်အရေးကြီးသော ကျင့်ကြံခြင်းဥပဒေသများကို မည်သည့်အတွက်ကြောင့် သာမန်လောကတွင် ထုတ်ပြန်မည်နည်း???

သူရှာဖွေနေသော သိုင်းပညာရပ်ကို ယခုစင်ပေါ်တွင် တွေ့နိုင်မည်မဟုတ်ကြောင်း သိခဲ့၍ အခန်းအတွင်းပိုင်းသို့ လျှောက်သွားခဲ့သည်။

ထိုစာအုပ်စင်များပေါ်မှ သိုင်းပညာရပ်များသည် ပို၍ ပါးလွှာလာသော်လည်း စွမ်းရည်မှာ အဆင့်တစ်ခု မြင့်တက်လာခဲ့သည်။ အခြေခံ အားဖြင့် ထိုပညာရပ်များသည်အဆင့်(1)အဆင့်မြင့် အဆင့်ပညာရပ်များဖြစ်ကြသည်။

စာအုပ်အများအပြားကို ထပ်မံလှန်ကြည့်လိုက်သော်လည်း သူနှင့်သင့်လျော်သောပညာရပ်ကို ယီယွမ် ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပေ။

သူလုပ်နိုင်သောအရာ မရှိသော်လည်း ထိုသိုင်းပညာရပ်များမှ အကျိုးရှိသော အတွေးအမြင်များ ရရှိလိုခဲ့သည်။

ယီယွမ် အတွက်မူ အဆင့်(1)အလယ်အလတ်အဆင့်နှင့် အဆင့်(1)ပို၍မြင့်မားသောအဆင့်ကြား များစွာကွာခြားမှုမရှိချေ။အဆင့်မြင့် သိုင်းပညာရပ်က အမြဲကောင်းမနေနိုင်သကဲ့သို့ အဆင့်နိမ့်သိုင်းပညာရပ်ကလည်း အမြဲဆိုးမနေနိုင်ပေ။

"လျှပ်တစ်ပြက်အလင်း" ပညာရပ်သည်ပင် အဆင့်(1)အလယ်အလတ်အဆင့် ပညာရပ်သာဖြစ်၏။သို့သော် ထိုသိုင်းပညာရပ်သည် အလွန်ထူးခြားသော ပညာရပ်ဖြစ်၍ ယီယွမ်က ထိုပညာရပ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now