Chapter 126

2.7K 363 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(11)

Chapter-126

“အခြေအမြစ် မရှိလိုက်တာ...ဒီအကြီးအကဲ က ဒီအသက်အရွယ်အထိ ရောက်နေတာကို အဲလို ဆေးလုံးမျိုး တစ်ခါမှ မကြားဖူးဘူး…..”

စူးယူဘိုင်က မှော်ဆေးပညာတာအို ကို အထူးပြုလေ့လာခြင်း မရှိသော်လည်း စူးမိသားစုက ဆေးဘက်ဝင်ပစ္စည်းဈေးကွက် ကို စီမံခန့်ခွဲနေခဲ့၏။ သူက ဆေးလုံးများနှင့် သူစိမ်းပြင်ပြင် မဟုတ်ပေ။

သို့ဖြစ်၍ သူက ထိုဆေးလုံးကို တစ်ခါမှ မကြားဖူးခဲ့ပေရာ မှော်ဆေးပညာတာအို အကြီးအကဲ တစ်ယောက် ရောက်လာသည် ဆိုလျှင်လည်း ထိုဆေးလုံးကို တစ်ခါမှ ကြားဖူးမည် မဟုတ်ပေ။

ထိုစကားများက သူ မည်မျှ မောက်မာကြောင်း ဝန်ခံအသိအမှတ်ပြုလိုက်သည်နှင့် တူပေသည်။

“အကြီးအကဲ စူးက မောက်မာတတ်ပြီး ဗဟုသုတမရှိဘူးလို့ ကျွန်တော်ပြောပြီးပြီလေ...ဘာလို့ အကြီးအကဲ က ကြားဖူးမှာလဲ...ဒါပေမဲ့ ခင်ဗျား ကြားဖူးတာပဲဖြစ်ဖြစ် မကြားဖူးဘဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး...ကျွန်တော် အဲဒီဆေးကို ဖော်စပ်ပြီးသွားရင် အကြီးအကဲစူးက ဒီဟာကို အစစ်အမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာ လက်တွေ့သိလာတော့မှာ မဟုတ်လား...အဲဒီအချိန်ကျရင် အကြီးအကဲစူးက မနေ့ညမှာ ဘာတွေလုပ်လဲဆိုတာကို ပါ ပြောပြရအောင် လုပ်ပေးမယ်လေ…..” ယီယွမ် က ပြုံး၍ ပြောလိုက်၏။

ယီယွမ်၏ စကားများက လူတိုင်း ကို ကျယ်လောင်စွာ ရယ်မောသွားစေခဲ့၏။ ထိုရယ်သံများက စူးယူဘိုင် ၏ မီးဝင်းဝင်းတောက်နေသော အကြည့်အောက်တွင် ရပ်တန့်သွားခဲ့သည်။

ယီယွမ်က မှော်ဆေးပညာတာအို တွင် ရှာဖွေလေ့လာစူးစမ်းခဲ့မှုက အံ့မခန်း အဆင့်အတန်း သို့ ရောက်နေခဲ့ပြီဖြစ်ရာသူက အသုံးဝင်မှုအားလုံးကို သိရှိနေခဲ့ပြီ ဖြစ်၏။

အခြားတစ်ဖက်တွင် ချင်နိုင်ငံ၏ ဆေးဖော်မြူလာ အများစုမှာ သိုင်းပညာတာအို အတွက် ရည်ရွယ်ထားကြ၏။ သိုင်းပညာရှင်များ၏ ခွန်အားကို မြင့်တက်လာစေဖို့ ကူညီရန် သို့မဟုတ် သိုင်းပညာရှင်များ၏ ကိုယ်တွင်းစွမ်းအင် များကို ပြန်လည်ရရှိစေဖို့ ကူညီရန် စသည် တို့တွင်သာ ဆေးလုံးများကို အသုံးပြုလေ့ရှိကြသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now