ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ- ဖြိုးသူဝင်း
စာစဉ် ( ၁၅ )
Chapter-177
“ဒီလောက်….ဒီလောက်တောင် အစွမ်းထက်တာလား…..” နန်ဖိန်ဇီရိုက မေးရိုးရိုက်သံတဂွတ်ဂွတ် ထွက်နေခဲ့ရာ ထိုဖိအားကို ရင်ဆိုင်နိုင်စွမ်းမရှိကြောင်း ထင်ရှားလှသည်။
ထိုအချိန်မှာပင် ပါးလျသော စိတ်ဝိညာဉ်ခွန်အားတစ်ခုက သူမ၏ရှေ့မှ ကာကွယ်ပေးလိုက်ရာ ဖိအားက ချက်ချင်းပင် လျော့ကျသွားခဲ့၏။
နန်ဖိန်ဇီရိုက ယီယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သော်လည်း ယီယွမ်က သူမကို ပေါ့ပါးသော အပြုံးတစ်ခုဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရပေသည်။
ဒီကောင်ရဲ့ စိတ်ဝိညာဉ်ခွန်အားကိူ အသုံးချတတ်တဲ့အရည်အချင်းက တကယ်ပဲ ဒီအဆင့်ထိ ရောက်နေခဲ့ပြီလား…..
နန်ဖိန်ဇီရို၏ စိတ်ထဲ၌ အလွန်အမင်း အံ့သြနေခဲ့၏။
သူမအတွက် ယီယွမ်က မည်သည့်အချိန်တွင်မှ အပြည့်အစုံ လှည့်လည်သွားလာနိုင်မည်မဟုတ်သည့် မြေပုံတစ်ချပ်နှင့် တူနေပေသည်။
သူမက ယီယွမ်ကို ပိုမိုနားလည်လာသည်ဟု ခံစားလိုက်မိသည့်အချိန်တိုင်ူ သူမ၏နားလည်သဘောပေါက်မှုက သူ၏အစိတ်အပိုင်းလေးသာဖြစ်ကြောင်း သူမကတွေ့ရှိလာရလေ့ရှိ၏။
“ဒီလူ… ဒီလူက အလွန်ခွန်အားကြီးတာပဲ… သူ့ရဲ့နောက်ခံအသိုင်းအဝိုင်းက ဘယ်လိုမျိုးဖြစ်မလဲ…..” နန်ဖိန်ဇီရိုက မေးမြန်းလိုက်သည်။
“ကျွန်တော်က ဘယ်လိုလုပ်ပြီး သိမှာလဲ… ကျွန်တော်သိတာတစ်ခုက ချင်နိုင်ငံမှာ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်တွေ နည်းနည်းပဲရှိတယ်လို့ သိထားတာလေ… ဘာမှားနေလို့လဲတော့ မသိဘူး… ဒါပေမဲ့ ချင်နိုင်ငံမှာ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ရှိတယ်လို့တစ်ခါမှမကြားဖူးခဲ့ဘူး…..” ယီယွမ်က စိတ်ဓာတ်ကျစွာပြောခဲ့၏။
သူ၏ယခင်ခန္ဓာကိုယ်ပိုင်ရှင်က ထိပ်တန်းအဆင့် ကလေကချေကောင်ဖြစ်ရာ ထိုအကြောင်းကို ပြောနေစရာပင် မလိုတော့ပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...