ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 65
ယီဟန်၏ လက်များက သူရဲသဘက် သဖွယ် လှုပ်ရှားနေပြီး ဆေးအိုးကို စီမံဆောင်ရွက်နေခဲ့သည်။ဆေးအိုးထဲမှ ဆေးလုံးက အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာပြီး ထွက်ပေါ်လာခဲ့၏။
“ဖွဲ့စည်းလိုက်စမ်း…..”
ယီဟန်က တိုးတိတ်စွာ ပြောလိုက်ပြီးနောက် ဆေးလုံးမှ အလင်းရောင် ပျောက်ကွယ်သွားပြီး အစိမ်းရင့်ရောင် ဆေးလုံးတစ်လုံး ဖြစ်ပေါ်လာခဲ့သည်။
ထိုအရာဆီသို့ လက်ဝှေ့ယမ်းလိုက်ရာ ဆေးလုံးက ယီဟန်၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။
“ ဟူးးး… ငါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသွားတာပဲ...ဆေးလုံးတစ်လုံးတီထွင်ရတာ ဒီလောက်လွယ်ကူနေရင် ငါ… ယီဟန်ရဲ့ အလှည့် ဘာလို့မရောက်လာသေးတာလဲ…..”ယီဟန်ခေါင်းခါ လိုက်ပြီး အသစ်ဖော်စပ်ထားသော ဆေးလုံးကို လွှင့်ပစ်လိုက်လေသည်။
လက်ရှိတွင် ယီဟန်က မျက်တွင်းများချောင်ကျနေခဲ့၏။ထိုအရာက သူလွန်စွာ ပင်ပန်းနေကြောင်း ထင်ရှားလှသည်။
ယခုရက်ပိုင်းအတွင်း သူက မနားမနေကြိုးစား၍ ဆေးလုံးအသစ်များ ဖော်စပ်နေခြင်းသည် သင်းရနံ့ဆေးဂေဟာ ကို စီးပွားကျဆင်းသည့်အရေးမှ ကယ်ဆယ်နိုင်ရန်ဖြစ်၏။သို့သော် သူ၏ အားထုတ်မှု အားလုံးမှာ မထိရောက်ခဲ့ပေ။
အဆင့်မြင့်ဆေးလုံးများတွင် ချီစွမ်းအင်ဆေးလုံး မပါရှိသော်လည်း နှစ်ပေါင်းများစွာကြာအောင် အဆင့်မြှင့်ဖော်စပ်ခဲ့မှုကြောင့် ထိုဆေးလုံးက အမှန်တကယ် ကောင်းမွန်လှပေသည်။
ချီစွမ်းအင်ဆေးလုံး နေရာတွင် အစားထိုးရန် ပို၍ ဆေးစွမ်းထက်မြက်သော ဆေးလုံးသစ်တစ်မျိုးကို ဖော်စပ်ရန်မှာ မည်သည့်အတွက်ကြောင့် လွယ်ကူမည်နည်း…..
“ဒီလောက်နှစ်တွေ အကြာကြီး အလုပ်ကြိုးစားခဲ့ပြီးမှ ငါက ရှုံးနိမ့်မှုကနေ လွတ်မြောက်နိုင်ခြင်း မရှိသေးပါလား...ဘယ်လို ကျရှုံးမှုလဲကွာ…..” ယီဟန် သက်ပြင်းအခါခါ ချနေမိ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...