Chapter 113

3K 373 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(10)

Chapter-113

"စီနီယာလု က ငြိမ်သက်တိမ်တိုက်အဖွဲ့ က အခြားအဖွဲ့တွေကို လွှမ်းမိုးနိုင်စေဖို့ ကူညီစေချင်တာလား....."

စောစောက စကားများကြောင့် ယီယွမ်က လုယန်၏ အတွေးများကို သိရှိခဲ့ပြီး ဖြစ်သည်။

"ဟားဟား...လူငယ်လေး က သဘောပေါက်လွယ်တာပဲ...မင်းက အရိပ်ပြလိုက်တာနဲ့ အကောင်မြင်တယ်...ဒါပေမဲ့ ငါက မင်းကို တောင်ပိုင်း က အဖွဲ့တွေကိုပဲ လွှမ်းမိုးစေချင်တာမဟုတ်ဘူး...ငါလိုချင်တာက ငြိမ်သက်တိမ်တိုက်အဖွဲ့ ကို မင်းက ဦးဆောင်ပြီး မြောက်ပိုင်း ကို ပြန်သွားစေချင်တာ....." လုယန်က တိုက်တွန်းပြောဆိုလိုက်၏။

ထိုစကားကို ကြားသော် ယီယွမ် က အသာအယာပြုံးလိုက်သည်။ "စီနီယာလု က ကျွန်တော့်ကို အထင်ကြီးလွန်းနေတာပဲ...ကျွန်တော်က အခု ချီစွမ်းအင်နယ်ပယ် က ဂျူနီယာလေး တစ်ယောက်ပဲလေ....."

"ဟားဟား...မင်းက နှိမ့်ချနေဖို့ မလိုပါဘူး...ရေကဲ့သို့တည်ငြိမ်သောနှလုံးသား အဆင့်ကို နားလည်သွားပြီဆိုမှတော့ မင်းရဲ့ အနာဂတ် အောင်မြင်မှု တွေက အကန့်အသတ်မရှိတော့ဘူး...မင်းမှာ လုံလောက်တဲ့ ခွန်အား ရှိသွားတဲ့အချိန် ဇာတိမြေကို သတိရလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်....."

လုယန်က လူသေတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အပေါ်ယံ ဆက်ဆံရေး မှ အကူအညီတောင်းရန်သာ တတ်နိုင်ခဲ့သည်။ အကယ်၍ သူ၏ တောင်းဆိုမှုက အလွန်အကျွံ ဖြစ်နေပါက ယီယွမ်က သဘောတူမည် မဟုတ်ပေ။အကယ်၍ ယီယွမ်က သဘောတူလျှင်ပင် အနာဂတ်တွင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။

"ဇာတိမြေကို သတိရပါ"ဟူသော စကားများက အဓိက အချက်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ထိုစကားက ယီယွမ်၏ အနာဂတ် အောင်မြင်မှု များက ငြိမ်သက်တိမ်တိုက်အဖွဲ့ ကြောင့် ရရှိလာသည်ဟု ထောက်ပြလိုက်ပြီး နောက်ထပ် တောင်းဆိုမှုများ ပြုလုပ်နေရန်ပင် မလိုတော့ပေ။

အနာဂတ်တွင် မည်သို့ပြုလုပ်မည်ဆိုခြင်းက ယီယွမ်အပေါ်တွင် မူတည်နေ၏။ အကယ်၍ ယီယွမ် က ကျေးဇူးကန်းသော သူတစ်ယောက်ဖြစ်လျှင် ထိုစကားများက လေထဲ၌ ပျောက်ကွယ်သွားပေမည်။အကယ်၍ ယီယွမ်က ကျေးဇူးတရားကို တန်ဖိုးထားပြီး ပေါင်းသင်းဆက်ဆံရေးကို အလေးထားသူဖြစ်ပါက ထိုစကားများသည် ယီယွမ်၏ စိတ်၌ အမြစ်တွယ်သွားမည် ဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now