ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(9)
Chapter-102
ယီယွမ် က ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို စိန်ခေါ်သည့် သတင်းက အကယ်ဒမီတွင် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။
"ဟေး...မင်းကြားပြီးပြီလား...ယီယွမ်က ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဆင်နွှဲတော့မယ်တဲ့....."
"ကောင်းကင်ဘုံကိုးခုလျှောက်လမ်း...သူရူးနေတာလား...သူက အခုမှ အဆင့်(6)ချီစွမ်းအင်အဆင့် ပဲ ရှိသေးတာလေ...သေချာပေါက် အသက်ဆုံးရှုံးရလိမ့်မယ်....."
"အစကတည်းက ရူးနေတာလေ...အကယ်ဒမီ ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ကျောင်းသားနှစ်ယောက် ကို သတ်ခဲ့တာတင်မကဘူး...အကြီးအကဲစူး ကို အီးပေါလောကြီး လို့ ပြောပြီး တစ်နှစ်အတွင်း ခေါင်းလာယူမယ်လို့ ခြိမ်းခြောက်သွားခဲ့တာ...သူက ရူးနေတာမဟုတ်ရင် ဘာကြောင့်မို့လဲ...ဒီအချိန်မှာ သူက အရူးလိုလုပ်ဖို့က လွဲရင် ရွေးချယ်စရာ မရှိတော့ဘူး...သူက ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို စိန်မခေါ်ရင် သေဒဏ်အပြစ်ပေးခြင်းကနေ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး....."
"ဟုတ်တယ်...ဒါပေမဲ့ ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဝင်ရောက်တာကလဲ ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ မဟုတ်ဘူးလား....."
"အနည်းဆုံးတော့ ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဝင်ရောက်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိသေးတယ်လေ...ဒီလိုမလုပ်ရင် သူက အခြားသူတွေရဲ့ သနားညှာတာမှုကို ရဖို့ တောင်းပန်နေရဦးမယ်...သူ့နေရာမှာ ငါဆိုရင်လည်း ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို စိန်ခေါ်ဖို့ ရွေးချယ်လိုက်မှာပဲ....."
"သူက ယုံကြည်မှု အပြည့်ရှိနေပေမဲ့လို့
ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို ဖြတ်ကျော်နိုင်ပါ့မလား...သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်ကို ရောက်နေပြီဆိုရင်တော့ သေချာပေါက် အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ်လို့ ငါ လုံးဝ ယုံကြည်တယ်...ဒါပေမဲ့ ဘယ်လောက်သနားစရာကောင်းလိုက်တာလဲ...ချီစွမ်းအင်နယ်ပယ် အဆင့်နဲ့ ဘယ်သူမှ အောင်မြင်အောင် ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး....."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...