ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ- ဖြိုးသူဝင်း
စာစဉ် ( ၁၃ )
အခန်း ၁၅၁
ယီယွမ်၏ စကားပြောသည့်အမူအရာမှာ ကြွားဝါနေသည့်ပုံစံ ဖြစ်သည်။
သို့ရာတွင် မျောက်ဝံဘုရင်က မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း ယီယွမ်ပြောသည်မှာ အမှန်တရားများ ဖြစ်သည်ဟု ခံစားနေခဲ့ရ၏။ဖြစ်နိူင်သည်က ထိုခံစားချက်မှာ ယီယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မိမိကိုယ်မိမိ ယုံကြည်မှု အလွန်မြင့်မားသည့် အရှိန်အဝါများဆီမှ အရင်းခံလာခြင်း ဖြစ်ပေမည်။
ဤခံစားချက်မျိုးက ဝိရောဓိဖြစ်စရာကောင်းလှပြီး အလွန်တရာ ယုံကြည်မှုကို ပေးစွမ်းနိုင်ပေသည်။
အဆုံးသတ်တွင် ထိုအရာများအားလုံးကို အဆင့်(4)အဆင့်ဟူသော စွဲဆောင်မှုတစ်ခုက အနိုင်ပိုင်းသွားခဲ့၏။
“လူငယ်လေး...မင်းဖြစ်ချင်တဲ့ ဆန္ဒကိုပြောပါ...ငါ ဖြည့်ဆည်းပေးပါ့မယ်…..” မျောက်ဝံဘုရင်က ကူရာကယ်ရာမဲ့စွာ ပြောဆိုလိုက်သည်။
သူ၏ မျိုးရိုးဆက်ခံလာခဲ့သော မှတ်ဥာဏ်များကို နှိုးထစေခဲ့ပြီးနောက် မျောက်ဝံဘုရင်၏ ဥာဏ်ရည်ဥာဏ်သွေးက သာမန်လူများအောက် နိမ့်ကျခြင်းမရှိတော့ပေ။ ယီယွမ်က သူ၏ အစွမ်းကုန်ထုတ်ပြနေခြင်းမှာ သွေးနီရောင်ဝိညာဉ်မြက်ကဲ့သို့ အသေးအဖွဲပစ္စည်းလေးအတွက် လုံးဝမဟုတ်မှန်း သူက သေချာသိရှိပေ၏။
မျောက်ဝံဘုရင်၏ အရှုံးပေးသွားသည့် အကြည့်ကို မြင်သော် ယီယွမ်က အေးအေးဆေးဆေး ပြောလိုက်သည်။ “ဆယ်နှစ်ဆိုတဲ့ အချိန်အတောအတွင်း ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားသခင်အဖြစ် အသိအမှတ်ပြုပေးရမယ်…..”“ဘာ...ငါ့ကို မင်းလို ချီစွမ်းအင်နယ်ပယ် ငချွတ်ကလေးတစ်ယောက်က မင်းကို သခင်အဖြစ် အသိအမှတ်ပြုပေးစေချင်တာက တကယ်လား…..” ထိုစကားကိုကြားသော် မျောက်ဝံဘုရင်က ဒေါသထွက်သွားခဲ့၏။
သွေးနီတောင်ကြော တွင် မျောက်ဝံဘုရင် က အကြီးအကဲ ဖြစ်ပြီး ကျောက်တုံးမျောက်ဝံကလန်၏ ခေါင်းဆောင်ဖြစ်၏။ ခွန်အားအရာတွင်ဖြစ်စေ အသက်အရွယ်အရဖြစ်စေ သူက ယီယွမ်ထက် အစစအရာရာ သာလွန်သော အခြေအနေတွင် ရှိပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...