Chapter 54

3.7K 504 5
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

Chapter 54

တိုးတက်မှုစမ်းသပ်ပွဲ ကျင်းပသည့်အချိန်တိုင်းတွင် ကျောင်းသားအများအပြားက လာရောက်ကြည့်ရှုကြလေသည်။ထိုသို့ဖြစ်ရခြင်းမှာ စမ်းသပ်ပွဲ၏ အဖြေများက သူတို့၏ အဆင့်သတ်မှတ်ချက်များအပေါ် အကျိုးသက်ရောက်မှုရှိခြင်းကြောင့်ပင်။

ပုံရိပ်ယောင်မျှော်စင်၏ အပြင်ဘက်တွင် ကျောင်းသားတိုင်း၏ စစ်ဆေးခြင်းဖြစ်စဉ်အားလုံးကို ပုံရိပ်ဖော်ကြေးမုံဖြင့် ဖော်ပြထား၏။

“အမ်....တစ်စုံတစ်ယောက် က စစ်ဆေးခြင်းကို ဒီလောက်မြန်မြန် အောင်မြင်သွားတာလား???အဲ့ဒါ ယီယွမ်ပဲဟ!!!”ပုံရိပ်ဖော်ကြေးမုံတွင် ဖြစ်ရပ်များက အလွန်လျင်မြန်စွာ ပြောင်းလဲသွားရာ တစ်စုံတစ်ယောက်က အံ့အားတကြီး ရေရွတ်လိုက်သည်။

“ဒါက သေခြင်းရှင်ခြင်းအဆုံးအဖြတ်တိုက်ပွဲ မှာ ဖိန်ချင်းပေါင်ကို အသေသတ်သွားတဲ့ ယီယွမ်ပဲ!!!”

“ဒါပေမယ့် အဲ့ဒါက သိပ်မထူးဆန်းဘူးနော်…..သူက ပထမဆုံးအကြိမ် စမ်းသပ်စစ်ဆေးမှု ခံယူတာဆိုတော့ အခုက ပုံမှန်စမ်းသပ်စစ်ဆေးခြင်း ပဲ ဖြစ်လိမ့်မယ်…..”

“ဒါပေမယ့် ဒီအဆင့်ကိုအောင်မြင်တာကိုက မွန်းစတားဆန်နေပြီလေ….အချိန်က သူ စစ်ဆေးခြင်းကို စပြီး ရင်ဆိုင်ရတုန်းရှိသေးတာပဲ….ဒါက ပုံမှန်စမ်းသပ်စစ်ဆေးခြင်း ဆိုပေမယ့် အဆင့်(4)ချီစွမ်းအင်အဆင့် သိုင်းပညာရှင်ငါးယောက် ကို ရင်ဆိုင်ရတာလေ…..ယီယွမ်က အခုမှ အဆင့်(4)ချီစွမ်းအင်အဆင့် ပဲ ရှိသေးတာကို သူနဲ့ အဆင့်တူ သိုင်းပညာရှင်ငါးယောက် ကို သိုင်းကွက်တစ်ကွက်ထဲနဲ့တစ်ပြိုင်တည်း သတ်ပစ်နိုင်ခဲ့တာ ဘယ်လိုဖြစ်နိုင်မှာလဲ???”

“အာ…..ဖြစ်နိုင်တာ တစ်ခုပဲရှိတယ်….သူ့ရဲ့ တိုက်ပွဲစွမ်းရည်က အလွန်မြင့်မားနေလို့ပဲဖြစ်မယ်….အတိတ်က ငါ ပုံမှန်စမ်းသပ်စစ်ဆေးခြင်း ကို ရင်ဆိုင်ရတုန်းက ငါ့ရဲ့ ကိုယ်တွင်းစွမ်းအင်တွေ ကုန်ခါနီးမှ သူတို့ကို သတ်နိုင်ခဲ့တာ….ဒီနေရာမှာ ဖိန်ချင်းပေါင်ဆိုရင်တောင် အဆင့်(4)ချီစွမ်းအင်အဆင့် သိုင်းပညာရှင်ငါးယောက် ကို တစ်ကွက်တည်းနဲ့အသေသတ်နိုင်မှာ မဟုတ်ဘူး…..ငါပြောတာ ဟုတ်တယ်မလား???”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now