Chapter 120

3K 338 4
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(11)

Chapter-120

အနည်းငယ်စောသောအချိန်လေးတွင် တောင်၏ အနောက်ဘက်မှ မိုးကောင်းကင်အဆင့် ကျောင်းသား စူးရီရှန်း၏ ခြံဝင်းထဲ၌ အလျင်စလိုဖြစ်နေသော လျူယူရှီ က သူမ၏ အရှေ့မှ စူးရီရှန်းကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

"ဂိုဏ်းတူအစ်ကိုကြီးစူး...အခုအချိန်မှာ အစ်ကိုကြီးက ဒန်ဝူအကယ်ဒမီ တစ်ခုလုံးမှာ ကျွန်မကို ကယ်ဆယ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူပါ...ကျွန်မ တောင်းဆိုပါတယ်...ကျွန်မကို ကူညီပေးပါနော်....."

လျူယူရှီ က သူမ၏ မိသားစုကလန်မှ လျစ်လျူရှုပစ်ပယ်ခြင်း ခံရစဉ်ကပင် ဤကဲ့သို့ ကူရာကယ်ရာမဲ့စွာ ဖြစ်နေမှုကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။

ယီယွမ်က ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီးနောက် လျူယူရှီ က ဒုက္ခအကြီးအကျယ်ရောက်ပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူမက ဝမ်ယွမ်၏ နေအိမ်သို့ သွားရောက်၍ ဤ အန္တရာယ်အခြေအနေကို မည်သို့ရင်ဆိုင်ကြမည့်အကြောင်း ဝမ်ယွမ်နှင့် ဆွေးနွေးတိုင်ပင်ရန် သွားရောက်ခဲ့၏။

သို့သော် သူမက ဝမ်ယွမ်၏ နေအိမ်သို့ ရောက်သွားချိန်တွင် ဝမ်ယွမ်က အိမ်၌ မရှိသည်ကို တွေ့ခဲ့ရသည်။

မူလက ဝမ်ယွမ်၌ ကိစ္စအချို့ရှိနေ၍သာ ပြန်မလာသည်ဟု
လျူယူရှီက ထင်ခဲ့သော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းနေခဲ့သော်လည်း ဝမ်ယွမ်က ပေါ်မလာခဲ့ပေ။ ထို့ကြောင့် သူမက အခြားကျောင်းသားများကို မေးမြန်းခဲ့သော်လည်း သူတို့ထဲက တစ်ဦးမှ ဝမ်ယွမ်ကို မတွေ့ခဲ့ကြပေ။

လျူယူရှီက မကောင်းသောအရာတစ်ခု ဖြစ်လာတော့မည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

မျှော်လင့်ထားသည့်အတိုင်းပင် လျူယူရှီက ဂိတ်စောင့်တာဝန်ကျသော ကျောင်းသားများအား မေးမြန်းကြည့်လိုက်ရာ ဝမ်ယွမ်က အကယ်ဒမီမှ ထွက်ပြေးသွားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သိလိုက်ရသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now