Chapter-193
“မင်းကဝမ်မိသားစုနဲ့ စူးမိသားစုက မင်းတို့ယီမိသားစုကို အလွတ်ပေးလိမ့်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်… ဒီဆေးလုံးအဆင့်သတ်မှတ်ခြင်း အစည်းအဝေးက နောက်ကွက်က အင်ပါရီယာမိသားစုကို တိုက်ရိုက်တိုက်ခိုက်လိုက်တာဆိုပေမဲ့ အပေါ်ယံမှာလည်း သူတို့ကယီမိသားစုကို ဦးတည်တိုက်ခိုက်လိုက်တာပဲနော်…..”
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် နန်ဖိန်ရီက နောက်ဆုံးတွင် ထိုသို့ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင် ယီယွမ်က ရယ်မော၍ ပြောဆိုခဲ့၏။ “အမှားအယွင်းမဖြစ်စေပါနဲ့ အရှင်မင်းကြီး… အခုလိုအချိန်အခါမျိုး ရောက်ရှိလာခဲ့တဲ့အတွက် ချင်နိုင်ငံမှာရှိတဲ့လူတိုင်းက အညံ့ခံကြဖို့ ရွေးချယ်နိုင်ပြီနော်… အင်ပါရီယာမိသားစုတစ်ခုတည်းနဲ့ လုပ်နိုင်မှာမဟုတ်ဘူး… အရှင်မင်းကြီးက ဒီလိုစကားတွေနဲ့ ကျွန်တော့်ကို ခြိမ်းခြောက်နေတာဆိုတော့ အရှင်မင်းကြီးက တော်တော်လေး စွမ်းအားမရှိတော့ဘူးလို့ ဆိုလိုနေတာလား…..”
ယီယွမ်၏စကားဆုံးသည်နှင့် နန်ဖိန်ရီ၏မျက်နှာကလည်း နောက်တစ်ကြိမ်ပြောင်းလဲသွားခဲ့သည်။
မူလကသူသည် ယီယွမ်ကအသက်ငယ်ရွယ်နေသေး၍ ဆက်သွယ်ပေါင်းသင်းရန်လွယ်ကူမည်ဟု ထင်ထားခဲ့၏။ ယီယွမ်ကအကြောင်းအရာကိစ္စများကို အခြားသူများထက် ပိုမိုရှင်းလင်းစွာ သိရှိနားလည်မည်ဟု မည်သူကထင်ခဲ့မည်နည်း။
နန်ဖိန်ရီက ယီယွမ်အပေါ် အချိန်အတော်ကြာ အနီးကပ်လေ့လာစောင့်ကြည့်နေခဲ့သော်လည်း ဤတစ်ကြိမ်က သူကယီယွမ်နှင့် ပထမဦးဆုံးအကြိမ်အဖြစ် စကားလာပြောခြင်းဖြစ်ပေသည်။
ယီယွမ်နှင့်ပတ်သက်သော ယခင်ကအတွေးအမြင်အားလုံးကို နန်ဖိန်လျှိုချင်နှင့် သူမ၏တူမလေးတို့ဆီမှ နန်ဖိန်ရီက ရရှိလာခဲ့ခြင်းဖြစ်၏။
ယခု နန်ဖိန်ရီက ဤယီယွမ်မှာ သူ၏ဖခင် ယီဟန်နှင့်ပြောဆိုရသည်ထက် ပို၍ပြောရခက်သည်ဟု နန်ဖိန်ရီက ခံစားနေခဲ့ရသည်။
နန်ဖိန်ရီက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောခဲ့၏။ “ယီယွမ်…. မင်းရဲ့အဖေ တံခါးပိတ်လေ့ကျင်နေရာကနေ ဘယ်အချိန်မှာထွက်လာမလဲဆိုတာ ငါသိချင်တယ်… တကယ်လို့ သူကတံခါးပိတ်လေ့ကျင့်နေတာကနေ ထွက်မလာခဲ့ဘူးဆိုရင် ယီမိသားစုက အညံ့ခံချင်ရင်တောင် အဲဒါကအချည်းနှီးပဲ မဟုတ်လား…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...