Chapter 174

1.8K 196 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၅ )

Chapter-174

“အဲဒါကိုမြင်တွေ့လိုက်တာမဟုတ်ဘူး… အနံ့ရခဲ့တာပါ…..” ယီယွမ်က သူ၏နှာခေါင်းကိုကိုင်၍ ပြောဆိုလိုက်သည်။

“ဒါပေမဲ့ မြူခိုးယွမ်ရေက အနံ့မရှိဘူးလေ… နင်ကဘယ်လိုလုပ်ပြီး.အနံ့ရခဲ့မှာလဲ…..” နန်ဖိန်ဇီရိုက အံ့သြစွာဖြင့် မေးမြန်းခဲ့၏။

“မြူခိုးယွမ်ရေက အနံ့မရှိဘူးဆိုပေမဲ့ ဆေးလုံးတွေနဲ့ရောစပ်လိုက်တဲ့အခါ သူကသင်းပျံ့တဲ့ရနံ့လေးတစ်ခု ထွက်ပေါ်လာလေ့ရှိတယ်…..” ယီယွမ်က ပြောဆိုလိုက်သည်။

“ဒါပေမဲ့ နင်ကအဲဒီနေရာနဲ့ တော်တော်လေးဝေးတယ်လေ… နင့်မှာခွေးတစ်ကောင်ရဲ့ နှာခေါင်းရှိနေခဲ့တာလား…..” နန်ဖိန်ဇီရိုက အံ့အားသင့်သွားခဲ့၏။

ယီယွမ်၏မျက်လုံးများပြူးကျယ်သွားခဲ့ပြီး ပြောစရာစကားမရှိတော့ပေ။

မင်းက ဒီထက်ပိုကောင်းတဲ့ဥပမာတစ်ခုလောက် မပေးနိုင်တော့ဘူးလား…..

“ဒီဟာက ထပ်တလဲလဲ လေ့ကျင့်ခဲ့တဲ့အတွက် ရရှိလာခဲ့တဲ့စွမ်းရည်တစ်ခုပါ… ဟဲဟဲ…..” ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။

ဆေးလုံးများအပေါ် ယီယွမ်၏အာရုံခံနိုင်စွမ်းက ထပ်တလဲလဲလေ့ကျင့်ခဲ့မှုများကြောင့် နတ်ဘုရားစိတ်ဝိညာဉ်တွင်နက်နက်ရှိုင်းရှိုင်း ပုံပေါ်လာခဲ့ပြီဖြစ်၏။

ဆေးဖက်ဝင်ပစ္စည်း အမျိုးအစားအားလုံးကို သူကသေသေချာချာ အာရုံခံခွဲခြားနိုင်ပေသည်။

သူကအနံ့ခံနိုင်ခဲ့သည်ဟုသာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော်လည်း အမှန်တကယ်တွင်မူ သူ၏နတ်ဘုရားစိတ်ဝိညာဉ်က ပြုမူဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်၏။

စောစောကအဖြစ်အပျက်နှင့် မတူတော့ဘဲ ဤတစ်ကြိမ်တွင် နန်ဖိန်ဇီရိုက ယီယွမ်ကို ဆန့်ကျင်ပြောဆိုခြင်း မရှိတော့ပေ။

ယခင်အချိန်ပေါင်းများစွာကတည်းက ယီယွမ်သည် ဆေးလုံးများနှင့် ဆေးဖက်ဝင်ပစ္စည်းများကို အကဲဖြတ်လေ့လာခဲ့ရာတွင် သူ၏မှန်းဆချက်မှားနှင့် လက်တွေ့က တစ်ရာရာခိုင်နှုန်းမှန်ကန်နေလေ့ရှိသည်။ သူက အမှားအယွင်းများကို တစ်ကြိမ်တစ်ခါမျှ ပြုလုပ်ခြင်းမရှိခဲ့ပေ။ သူက ထိုဆေးလုံးများတွင် ပြဿနာရှိနေသည်ဟု ပြောခဲ့၏။ ထို့ကြောင့် ထိုဆေးလုံးများတွင် ပြဿနာများရှိနေမည်မှာ သေချာလှပေသည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now