Chapter 110

2.8K 359 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(10)

Chapter-110

ကောင်းကင်ဘုံကိုးခုတာင်ထိပ်၏ မျက်နှာချင်းဆိုင် မှ ဂေဟာထဲတွင် စူးယူဘိုင်က မတ်တတ်ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ဖုန်များကို ခါချလိုက်သည်။

“နောက်ထပ် စောင့်ကြည့်စရာ မလိုတော့ဘူး...သွားကြစို့...ယီယွမ်အတွက် မျှော်လင့်ချက်မရှိတော့ဘူး...သူ့မှာ စွမ်းရည်အချို့ ရှိလို့ ကောင်းကင်ဘုံကိုးခုလျှောက်လမ်း ကို စိန်ခေါ်ရဲတာ လို့ ထင်ခဲ့တာပါ...အဆုံးသတ်မှာတော့ သူက ဒုတိယအဆင့် မှာ ခြေလှမ်းငါးလှမ်း ပဲ လှမ်းနိုင်ပြီး ပြီးဆုံးသွားခဲ့ပြီ…..”

“ငါလည်း စောင့်မကြည့်ချင်တော့ဘူး...အချိန်ဖြုန်းနေကြတာပဲ…..”

“သွားကြစို့...သွားကြစို့...အချိန်အကြာကြီးစောင့်နေခဲ့ရပြီး အဆုံးသတ်ကတော့ ဟာသတစ်ပုဒ်ပဲလေ...ငါက ထူးထူးဆန်းဆန်း တွေ ကို အံ့အားသင့်စွာ မြင်ရဖို့ မျှော်လင့်ခဲ့တာ...တစ်နေကုန်နီးပါး အချိန်ကုန်ခဲ့ရပြီး စောင့်ခဲ့တာတောင် သူက အခြားသူတွေနဲ့ အတူတူပဲ…..”

စူးယူဘိုင်က လမ်းလျှောက်ထွက်လာခဲ့ရာ အခြား အကြီးအကဲ များ ကလည်း စိတ်ဝင်စားမှုမရှိတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ခဲ့၏။

သူတို့က လေးနာရီခန့် ယီယွမ်မလှုပ်ရှားဘဲ ရပ်နေခဲ့သည်ကို စောင့်ကြည့်နေခဲ့ပြီး သူတို့၏ စိတ်ရှည်သည်းခံနိုင်မှု ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ယခု သူတို့က ယီယွမ် ပြန်လည်နိုးထလာမည် မဟုတ်တော့ကြောင်း ယူဆထားခဲ့၍ နောက်ထပ် စောင့်ကြည့်စရာ မလိုတော့ဟု သတ်မှတ်လိုက်ကြ၏။

စူးယူဘိုင်က ကျောက်တုံးစားပွဲကို ပတ်လျှောက်လာခဲ့ပြီး ဂေဟာအပြင်ဘက်မှ လူထုကြီးကို ဖြတ်လျှောက်ခဲ့သည်။

ခြေလှမ်းအနည်းငယ် သာ လှမ်းလိုက်ရပြီး တောင်ခြေမှ ကျောင်းသားများဆီက ပွက်လောရိုက်သံများ ထွက်လာ၏။

“မြန်မြန် ကြည့်လိုက်...ယီယွမ်က စပြီး ရွေ့လျားပြီဟ…..”

“အာ...သူက တကယ်ပဲ နေရာမှာတင် ဆောင်ရွက်တော့မှာပေါ့...ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now