ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 21
ယီယွမ်သည် မျက်မှောင်ကုတ်၍ ပြဿနာကိုဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေစဉ်းစားနေခဲ့၏။
အချိန်ခဏလောက်ကြာအောင် အိမ်အတွင်း၌ တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့သည်။ထိုအခြေအနေကို ထန်ယု ဆက်လက်သည်းမခံနိုင်တော့ဘဲ သတ္တိမွေး၍ ယီယွမ်ကိုမေးမြန်းလိုက်သည်။"အစ်ကိုယီ....ဒါက နည်းနည်း ရဲတင်းလွန်းပေမယ့်.... အကို့အဖေကို ခေါ်ပေးနိုင်မလား???"
သူ၏အကြည့်ကို ထန်ယုဆီသို့ရွှေ့ လိုက်ပြီး ယီယွမ်က တည်ငြိမ်စွာကြည့်လိုက်သော်လည်း တိတ်ဆိတ်နေခဲ့သည်။
ယီယွမ်စိုက်ကြည့်လိုက်၍ ထန်ယုသတိပြန်ဝင်သွားခဲ့ပြီး လျင်မြန်စွာတောင်းပန်ခဲ့သည်။"တောင်းပန်ပါတယ် အကိုယီ....အကို့ကို ကျနော်အထင်သေးတာမဟုတ်ပါဘူး....ဒါပေမယ့်......"
"မင်းဘာကို ဆိုလိုတာလဲဆိုတာ ငါသိပါတယ်.... မင်း ယုံယုံ မယုံယုံ ငါ့အဖေသာမကဘူး...ဝမ်ဒွန်ဟိုင်နဲ့ ဝူတာအိုဖုန်း လာခဲ့ရင်တောင် အဲ့ဒါကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး....."ယီယွမ် ခိုင်ခိုင်မာမာပြောလိုက်၏။
ယီယွမ်ပြောလိုက်သည့် "ဝူတာအိုဖုန်း"သည် ချင်နိုင်ငံမှော်ဆေးပညာ အစည်းအရုံး၏ အကြီးအကဲ ဖြစ်သည်။ချင်နိုင်ငံတစ်ခုလုံးတွင် မှော်ဆေးပညာတာအို တွင် နားလည်နိုင်စွမ်းအမြင့်ဆုံးမှာ ဝမ်ဒွန်ဟိုင်လဲ မဟုတ်။ယီဟန်လဲမဟုတ်။အင်ပါရီယာမိသားစုမှ အင်ပါရီယာဦးလေး လဲမဟုတ်ပေ။ထို ဝူတာအိုဖုန်း ပင် ဖြစ်၏။ယခု ထိုအကြီးအကဲပါ မကုသနိုင်ဟု ပြောလိုက်ခြင်းမှာ ထန်ဇောင်ဟွာ ကို သေလိုက်ပါတော့ ဟု ပြောသည်နှင့် အတူတူပင်ဖြစ်သည်။
ထိုစကားလုံးများက ထန်ယု၏ နားထဲတွင် ဗုံးခွဲခံရသလိုဖြစ်သွား၏။တစ်ခြားသူတစ်ယောက်က ထိုစကားများပြောသည်ဆိုပါက သူကန့်ကွက်မည်မဟုတ်ပေ။သို့သော် ယခုအခါတွင် ယီယွမ်က သူ၏ဖခင်ကို သူ့ရှေ့တွင် သေစေရန်ပြောဆိုနေခဲ့သည်။သူမည်သို့လက်ခံရမည်နည်း??ယီယွမ်က တစ်ခြားသူမဟုတ်ပေ။ကလေကချေ သူဋ္ဌေးသားတစ်ယောက်သာဖြစ်ပေ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...