Chapter 137

2.2K 288 7
                                    


ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(12)

Chapter-137

ထို ခိုင်မာတံတိုင်းပန်းပွင့် များကို သူ၏ သိုလှောင်လက်စွပ် အတွင်းသို့ ထည့်လိုက်ပြီး ယီယွမ်က လိုဏ်ဂူ၏ အတွင်းထဲသို့ ဆက်လက်ရှာဖွေရန် ဝင်သွားခဲ့သည်။

မှော်ဆေးပညာရှင် တစ်ဦးအနေဖြင့် ယီယွမ်က မိစ္ဆာသားရဲ အားလုံး၏ နေထိုင်မှု အလေ့အကျင့် များနှင့် အလွန်ရင်းနှီးပေးသည်။

သံလက်သည်းပျံဝက်ဝံ က ခိုင်မာတံတိုင်းပန်းပွင့် အတွက်သာ စောင့်ကြပ်နေသော သားရဲ မဟုတ်ပေ။ သူ့တွင်လည်း ဝက်ဝံများ၏ အလေ့အကျင့် အချို့ ရှိပေသည်။ ဥပမာအားဖြင့် သူတို့က ပျားရည်များကို ကြိုက်နှစ်သက်ကြပေ၏။

ပျားရည်အချို့က အလွန်အဖိုးထိုက်လှပေ၏။ ယီယွမ် က ဆက်လက်ရှာဖွေခြင်းဖြင့် သူ၏ ကံတရားကို စမ်းသပ်လိုခြင်း ဖြစ်သည်။

ဤလိုဏ်ဂူက အလွန်သပ်ရပ်သန့်ရှင်းနေပေ၏။ ထို သံလက်သည်းပျံဝက်ဝံက ဤနေရာကို အလွန်တန်ဖိုးထားကြောင်း ထင်ရှားလှ၏။

မကြာမီအချိန်တွင် ကျောက်ဖျာကြီး တစ်ခုကို မြင်လိုက်ရသည်။ ထိုကျောက်ဖျာက သံလက်သည်းပျံဝက်ဝံ ထက် အနည်းငယ် ကြီးမား၏။ ဤကျောက်ဖျာတွင် ထို သံလက်သည်းပျံဝက်ဝံ အိပ်စက်မည်မှာ သေချာလှသည်။

ယီယွမ်က ပတ်ဝန်းကျင် ကို စူးစမ်းလိုက်ပြီး ပျားအုံတစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ရာ ပျော်မြူးသွားစိတ်ကို ထိန်း၍ မရခဲ့ပေ။

“ဒါက တကယ်ပဲ ငွေဓားပျား တွေရဲ့ ပျားရည်ပဲ...ပြီးတော့ ဒီလောက်အများကြီး...ငါတကယ်ကို ရွှေပုံကြီး တွေ့ရတာကိုး...ကြည့်ရတာ ဒီ အကောင်ကြီးပြီး နလပိန်းတုန်း ဝက်ဝံက ဒီဟာကို မသောက်သေးဘဲ ဒီနေရာမှာ စုထားတယ်ထင်တယ်...ငါက အဲဒါကို အခန့်သား ရလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး...ဟီးဟီး...ဒီဟာနဲ့ဆိုရင် ငါက ဖိန်ဇီရိုကို ချော့မော့လို့ ရပြီ...မဟုတ်ရင် သူက ငါ့ကို နှစ်ပိုင်းပိုင်းလိုက်လိမ့်မယ်…..”

ငွေဓားပျား က အဆင့်(2)မိစ္ဆာသားရဲ တစ်ကောင်နှင့် တူပေသည်။ ထို့ပြင် သူ၏ တိုက်ခိုက်မှု ခွန်အားက အလွန်ပြင်းထန်ပြီး သူတို့၏ တုပ်ခြင်းကလည်း အဆိပ်အလွန်ပြင်းထန်ပေ၏။ သာမန်လူတစ်ယောက်က သူ သူ့အနားသို့ နီးနီးကပ်ကပ် သွားရဲခြင်း မရှိပေ။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now