Chapter 140

3K 305 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(12)

Chapter-140

“အို...မှားနေတယ် ဟုတ်လား...ဘယ်လိုလုပ်ပြီး ငါက မှားသွားတာလဲဆိုတာ သိချင်လိုက်တာ…..”

ချန်းဂျိချူက ယီယွမ်မှာ အလွန်ရယ်စရာကောင်းသည်ဟု ခံစားနေခဲ့ရသည်။ အဆင့်(9)ချီစွမ်းအင်နယ်ပယ် တစ်ယောက် က သူ၏ ဦးနှောက်ကို အသုံးပြု၍ ညီအစ်ကိုအချင်းချင်း သတ်ဖြတ်ရန် သွေးထိုးပေးခဲ့ခြင်းမှာ သူ၏ လွတ်မြောက်မှု လမ်းစဉ်အတွက် မဟုတ်ခဲ့လျှင် သူတို့အားလုံးကို သတ်ဖြတ်ရန် စီစဉ်နေခဲ့ခြင်းက ဖြစ်နိုင်ပါ၏လော။

သို့သော် အမှန်တကယ်က ထိုသို့ဆိုလျှင်…..

“အမှန်က ပထမဆုံး ကန်ဟွာဓား ကို ထုတ်ပြခဲ့တာ ခင်ဗျားတို့ ညီအစ်ကိုတွေကြားက ခံစားချက်ကို ကျုပ်သိချင်လို့ပဲ...ဒါပေမဲ့ ရလဒ်က ကျုပ်ကို ဒီလို တုန်လှုပ်စရာကောင်းပြီး ကျေနပ်လောက်တဲ့ သက်ရောက်မှုမျိုး ရစေလိမ့်မယ်လို့ ကျုပ်လုံးဝ မျှော်လင့်မထားခဲ့ဘူး...ကျုပ်က ခင်ဗျားတို့နဲ့ အချိန်ကုန်ခံပြီး စကားတွေ ပြောနေတဲ့ အကြောင်းပြချက်က ခင်ဗျားတို့အားလုံး ကို တစ်ချိန်တည်း သတ်နိုင်ဖို့ ယုံကြည်ချက်မရှိလို့ပဲ...ဝိညာဉ်မှော်ရတနာ အကြောင်းကို သိတဲ့သူ နည်းသွားလေ ပိုကောင်းလေပဲ…..” ယီယွမ်က ပြုံး၍ ပြောခဲ့၏။

“ဟားဟား...ကောင်းကင် နဲ့ မြေကြီးရဲ့ ကွာခြားမှုကို ကောင်းကောင်းမသိသေးဘူးကိုး...မင်းပြောတာက ငါတို့လေးယောက်ပေါင်းပြီး တိုက်ခိုက်ရင်တောင် မင်းရဲ့ ပြိုင်ဘက်မဟုတ်ဘူးတဲ့လား...ဟားဟား…..” ချန်းဂျိချူက အလွန်ရယ်စရာကောင်းသည့် ဟာသ တစ်ခုကို ကြားလိုက်ရသလို ခံစားနေရသည်။

ယီယွမ်က ခေါင်းညိတ်၍ ထောက်ခံလိုက်၏။ “ဟုတ်တယ်...အဲဒီလို အတိအကျပဲ...နည်းနည်းလေးမှ မလွဲဘူး…..”

“မင်းက တကယ်ပဲ သေခြင်းတရား ဒါမှမဟုတ် အန္တရာယ် အကြောင်း မသိသေးဘူးကိုး...ဝိညာဉ်မှော်ရတနာတစ်ခုရှိနေတာနဲ့ မင်းက အဓိကနယ်ပယ်တစ်ခု ကွာခြားတဲ့ ငါနဲ့ တိုက်ခိုက်နိုင်ပြီ ထင်နေတာလား...ဒန်ဝူအကယ်ဒမီ ရဲ့ ဂျီးနီးယပ် တွေက တကယ်ပဲ စွမ်းရည်ရှိတာလား...လိမ်လည်လှည့်ဖြားပြောနေတာလား ဆိုတာ ငါစမ်းသပ်ကြည့်ချင်တယ်...ပြီးမှ ခြေထောက်ဖက်ပြီး မတောင်းပန်နဲ့နော်…..” ချန်းဂျိချူက ယီယွမ်၏ အမူအရာကို ဒေါသထွက်သွားခဲ့သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now