Chapter 153

2.1K 215 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( 13 )

အခန်း ၁၅၃

Chapter-153

ကန့်သတ်ချက် ၁၂၈ခု ဝိညာဉ်မှော်ရတနာတစ်ခုမှာ ဝိညာဉ်မှော်ရတနာတစ်ခု၏ အမြင့်ဆုံး အကန့်အသတ် ဖြစ်ပေသည်။


အကယ်၍ ကန့်သတ်ချက်များ ပိုမိုပေါင်းထည့်လိုက်ပါက ထိုဝိညာဉ်မှော်ရတနာမှာ ကန့်သတ်ချက်များ၏ ဖိနှိပ်မှုဒဏ်ကို ကြံ့ကြံ့ခံနိူင်ရန် အလွန်ခက်ခဲသွားပေမည်။

ထို့ပြင် နယ်မြေဝိညာဉ်မှော်ရတနာများက အလွန်ရှားပါးပြီး သူတို့အထဲတွင်မှ ကန့်သတ်ချက် ၁၂၈ခု နယ်မြေဝိညာဉ်မှော်ရတနာတစ်ခုက တန်ဖိုးအလွန်ကြီးမား၏။

အကယ်၍ ဤဝိညာဉ်မှော်ရတနာအကြောင်း အပြင်လောကတွင်ပျံ့နှံ့သွားပါက သွေးချောင်းစီးတိုက်ပွဲများ သေချာပေါက် ဖြစ်ပွားလာပေလိမ့်မည်။

ယွမ်ဖန်းက ထိုသို့ ဝိညာဉ်မှော်ရတနာတစ်ခုကို အမှန်တကယ်ပိုင်ဆိုင်ထားမည်ဟု ယီယွမ်က လုံးဝထင်မထားခဲ့ပေ။

“ယွမ်ဖန်း...မင်းရဲ့ဝိညာဉ်မှော်ရတနာက ဘယ်ကနေရလာတာလဲ…..” ယီယွမ်က သိချင်သွား၍ မေးမြန်းလိုက်သည်။

“ကျွန်တော်က အဆင့်(2)အထွတ်အထိပ်အဆင့်ကို ရောက်နေတုန်းက ကျွန်တော့်ရဲ့ မျိုးရိုးဆက်ခံလာခဲ့တဲ့ မှတ်ဥာဏ်တွေကို နှိုးထစေနိုင်ခဲ့ပြီဖြစ်ပေမဲ့ အဆင့်တက်နိုင်တဲ့အခွင့်အရေးကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဘူး...ဒါကြောင့် ကျွန်တော့်ရဲ့စိတ်ကို အားတင်းပြီး အဆင့်တက်နိုင်ဖို့ အခွင့်အရေးရအောင် ရှာဖွေဖို့ အဆုံးမဲ့တောအုပ်ရဲ့ ပိုပြီးနက်ရှိုင်းတဲ့နယ်မြေတွေထဲကို ကျွန်တော်တစ်ယောက်တည်းဝင်သွားခဲ့တယ်....ကျွန်တော်က လူသားတွေဖန်တီးထားတဲ့ လိုဏ်ဂူထဲကို ဇွတ်ဝင်သွားမိမယ်လို့ ဘယ်သယကထင်ထားမှာလဲ...ဒီဝိညာဉ်မှော်ရတနာကို အဲဒီလိုဏ်ဂူထဲက ရလာခဲ့တာပါ…..” ယွမ်ဖန်းက ထိုအကြောင်းကို ဖုံးကွယ်ထားခြင်းမရှိဘဲ ယီယွမ်ကို ရှင်းပြခဲ့၏။


ယီယွမ်က အံ့အားသင့်သွားခဲ့သည်။ “လူသားတွေဖန်တီးထားတဲ့ လိုဏ်ဂူတစ်ခုဟုတ်လား...အဆုံးမဲ့တောအုပ်က မိစ္ဆာသားရဲတွေရဲ့ နယ်မြေပဲမဟုတ်လား...လူသားတွေဖန်တီးထားတဲ့ လိုဏ်ဂူတစ်ခုက ဘယ်ဘိုလုပ်ပြီး ဒီနေရာမှာ ရှိနေရတာလဲ…..”

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now