ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(10)
Chapter-117
“တိုက်တိုက်ဆိုင်ဆိုင်ပဲ နားလည်သဘောပေါက်သွားခဲ့တာပါ...ဆရာဟုရန် နဲ့ ဆရာမဖိန်...ဒီနှစ်ရက်အတွင်း ကျွန်တော်က ကျင့်စဉ်အဆင့် ခိုင်မာအောင် လုပ်လိုက်ဦးမယ်...ကျွန်တော် လေ့ကျင့်ရာကနေထွက်လာရင် အဆုံးမဲ့တောအုပ် ကို ဝင်မယ်...အဲဒီအချိန်ကျရင် လျူအာကို စောင့်ရှောက်ပေးဖို့ ကျွန်တော်က ဆရာနဲ့ဆရာမ ကို ဒုက္ခပေးရဦးမယ်…..”
ကောင်းကင်ဘုံကိုးခုလျှောက်လမ်း နှင့် စပ်လျဉ်းသောအကြောင်းအရာများကို ပြောဆိုရခြင်းမှ ရှောင်ရှားရန် ယီယွမ်က ထိုစကားများကို ပြောကြားလိုက်သည်။
သူက မိုးကောင်းကင်တာအိုကို တိုင်တည်၍ သစ္စာဆိုထားခဲ့၏။သူ၏ ပါးစပ်က စကားအများကြီးပြောရလျှင် စကားအမှားပါသွားနိုင်၏။စကားနည်းနည်းပြောသည်က အကောင်းဆုံးဖြစ်၏။
ဟုရန်ယွမ် နှင့် ဖိန်လျှိုချင် တို့ကလည်း ယီယွမ် ၏ ဘေးကြပ်နံကြပ် အခြေအနေကို နားလည်ခဲ့၍ တိတ်ဆိတ်စွာ နေခဲ့ပြီး ထိုအကြောင်းကို ထပ်မပြောတော့ပေ။
သို့သော် ယီယွမ် က အဆုံးမဲ့တောအုပ် ကို ဝင်ရောက်လိုသည်ဟု ပြောခဲ့၍ သူတို့နှစ်ဦးက အံ့သြသွားခဲ့သည်။
“လျူအာကို စောင့်ရှောက်ပေးဖို့က ကိစ္စမရှိပါဘူး...ဒါပေမဲ့ မင်းက အဆုံးမဲ့တောအုပ် ကို ဝင်ပြီး ဘာလုပ်မလို့လဲ…..” ဖိန်လျှိုချင် က မေးမြန်းလိုက်၏။
ယီယွမ်က ပြန်လည်ဖြေကြားလိုက်သည်။ “ဆေးဖက်ဝင်ပစ္စည်းအချို့ ရှာမလို့ပါ...လျူအာရဲ့ အခြေအနေက သိပ်မကောင်းတော့ဘူး...သူမရဲ့ ရေခဲအဆိပ်ကို ယာယီထိန်းချုပ်ပေးဖို့ပဲ ကျွန်တော် က လုပ်ပေးနိုင်သေးတာ...အချိန်တန်ရင် အဆိပ်ပေါက်ကွဲမှုက တအားကို ကြောက်စရာကောင်းမှာ… “အအေးဓာတ်လွင့်ပြယ်ခြင်း”ဆိုတဲ့ အဆင့်(2)ဆေးလုံးတစ်မျိုးက လျူအာရဲ့ ခန္ဓာကိုယ်ထဲက ရေခဲအဆိပ်ကို အချိန်တစ်ခုအထိ ထိန်းပေးထားနိုင်တယ်...ဒါပေမဲ့ အဲဒီ ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေက ရှားပါးတယ်...အဆုံးမဲ့တောအုပ် မှာပဲ အဲဒီဆေးဖက်ဝင်ပစ္စည်းတွေ ရှိမယ်လို့ ကျွန်တော်ထင်တယ်…..”
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...