Chapter 178

1.9K 211 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၅ )

Chapter-178

“ဂီးးးးး…..”

ထိုအချိန်၌ အလွန်ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကြီးမားသောငှက်ကြီးတစ်ကောင်က ကောင်းကင်ပေါ်တွင် ပျံသန်းလာခဲ့ပြီး မိစ္ဆာသားရဲမုဆိုးများအဖွဲ့များအပေါ်တွင် ရပ်တန့်၍ အဝေးမှကျီးကန်းနက်အဖိုးကြီးနှင့် မျက်နှာချင်းဆိုင်နေရာတွင် ရပ်ကြည့်နေခဲ့၏။

ထိုကြီးမားသော ငှက်ကြီးပေါ်ထွက်လာသည်နှင့် မိစ္ဆာသားရဲမုဆိုးများက အလွန်ဝေးသောနေရာသို့ ဆုတ်ခွာသွားခဲ့သည်။

“ဟီးဟီး… အဲဒါဘာမိစ္ဆာသားရဲလဲ… အလွန်ကို အံ့အားသင့်စရာကောင်းတာပဲဟ…..”

“ဘယ်လိုအမှိုက်ကောင်လဲဟ… မင်းက မိစ္ဆာသားရဲမုဆိုးတစ်ယောက်ဖြစ်တာကို ရွှေဓားသိမ်းငှက်အကြောင်း မသိဘူးလား… ရွှေဓားသိမ်းငှက်က အဆင့်(4)မိစ္ဆာသားရဲတစ်ကောင်ပဲ… ငါကြားဖူးတာတော့ ရွှေဓားသိမ်းငှက်က လကြာပန်းချောက်ကမ်းပါးရဲ့ အရှင်သခင်တဲ့… ဒီအချိန်မတိုင်ခင် ရွှေဓားသိမ်းငှက်က ဘယ်နေရာမှာလဲဆိုတာ ဘယ်သူမှမသိခဲ့ကြဘူး… အခုကျီးကန်းနက်အဖိုးကြီးရောက်လာတာကို မြင်တော့ သူကလည်း ထွက်မလာဘဲမနေနိုင်တော့ဘူးလေ…..”

“မင်းပြောတာကိုကြည့်ရတာ ငါကမိစ္ဆာသားရဲမုဆိုးဖြစ်လာတာနဲ့ အဆင့်(4)မိစ္ဆာသားရဲကို အမဲလိုက်နိုင်တဲ့စွမ်းရည်ရှိလာမယ်လို့ မင်းကပြောချင်နေတာလား… သူကငါ့ကိုသတ်မသွားတာကပဲ ပိုကောင်းပါတယ်…..”

“အင်း…..”

ရွှေဓားသိမ်းငှက်ပေါ်လာခြင်းကြောင့် လူသားမိစ္ဆာသားရဲမုဆိုးများအကြားတွင် အကြီးအကျယ်ပွက်လောရိုက်သွားစေခဲ့၏။

မူလတွင် ဤတစ်ကြိမ်ရတနာပစ္စည်းက ကျီးကန်းနက်အဖိုးကြီးဆီသို့ ပြိုင်ဘက်မရှိရောက်ရှိသွားပြီဟု သူတို့အားလုံးက ထင်မြင်နေခဲ့ကြ၏။ သို့သော်ယခု အဆင့်(4)မိစ္ဆာသားရဲတစ်ကောင် ပေါ်ပေါက်လာပြီဖြစ်ရာ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဖြစ်သည်။

 ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Where stories live. Discover now