ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ်(15)
Chapter-167
အလွန်ကြောက်စရာကောင်းသော ဓားစိတ်ဆန္ဒတစ်ခုက လှိုင်းတံပိုးထသလို ထွက်ပေါ်လာခဲ့ပြီး စူးရီရှန်း၏ အော်ရာနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။ ထိုအရာက လုံးဝပင် စူးရီရှန်း၏ အော်ရာအောက် အားနည်းခြင်းမရှိပေ။
စူးရီရှန်းက ထိုဓားစိတ်ဆန္ဒကို အလွန်ပြင်းထန်သော စိတ်ဝင်စားသဘောကျမှု ရှိနေခဲ့၏။အတိတ်တုန်းက လျူယူရှီအတွက် စူးရီရှန်းမှာ အလွန်ဆိုးဝါးသောအခြေအနေသို့ ယီယွမ်ကြောင့် ကျရောက်သွားဖူးပေ၏။ ထိုအရာက ဤဓားစိတ်ဆန္ဒ၏ ရိုက်ခတ်မှုကြောင့်ဖြစ်သည်။
သို့ရာတွင် လက်ရှိ မိုးပြာရောင်ငှက်လွင့်မျောခြင်းဓားသိုင်းက မူလကထက်အဆပေါင်းများစွာ ပြင်းထန်လာမည်ဆိုခြင်းကို ပြောနေစရာပင်မလိုတော့ပေ။
ယီယွမ်၏ ဓားစိတ်ဆန္ဒအဆင့်က အံ့မခန်းမြင့်မားလှပေ၏။ သို့သော် သူက ထိုဓားစိတ်ဆန္ဒနှင့် တွဲဖက်အသုံးပြုရန် ကိုယ်တွင်းစွမ်းအင်အလုံအလောက်မရှိခဲ့ပေ။
ယနေ့တွင် ယီယွမ်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး စိတ်ဝိညာဉ်အရည်ကိုးစက်ကို ဖွဲ့စည်းနိုင်ခဲ့၏။ မိုးပြာရောင်ငှက်လွင့်မျောခြင်းဓားသိုင်း၏ အစွမ်းကို ဖော်ထုတ်အသုံးပြုခြင်းက ချီစွမ်းအင်နယ်ပယ်၌ ထုတ်ဖော်အသုံးပြုစဉ်ကထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေမည်မှာ ပုံမှန်ပင်ဖြစ်သည်။
ယီယွမ်က ဤအကြိမ်၌ ဓားကိုးချောင်းဓားကွက်ကို ထုတ်ဖော်အသုံးပြုရာတွင် တသတ်မတ်တည်းအသုံးပြုခဲ့ခြင်းမဟုတ်ပေ။ ထိုအစား ပုံရိပ်ကိုးခုကို အစီအစဉ်တကျ မဟုတ်ဘဲ ထုတ်ဖော်အသုံးပြုလိုက်၏။
ဓားကိုးချောင်းဓားကွက်ကို ပြည့်စုံခဲ့ပြီးနောက် ယီယွမ်က ထိုပုံရိပ်ကိုးခုကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်သည့်အပြင် ဓားအလင်းများကို ထုတ်ဖော်အသုံးပြုနိုင်သည့် အချိန်ကိုလည်း လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...