ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ -ဖြိုးသူဝင်း
Chapter 61
အကယ်၍ သိုင်းပညာရပ်များသာ ဖြစ်ပါက ယီယွမ် အတွက် အနည်းငယ် ခက်ခဲမည်ဖြစ်သော်လည်း မှော်ဆေးပညာ တွင်မူ ယီယွမ် အတွက် အလွန်လွယ်ကူနေခဲ့သည်။
ယီယွမ်က သူ၏ ယခင်ဘဝတွင် မှော်ဆေးပညာဖြင့်သာ ဘဝတစ်လျှောက်လုံး အချိန်ကုန်ခဲ့ပေရာ ဆေးဖက်ဝင်ပစ္စည်းများနှင့် ဆေးလုံးများကို အလွန်ရင်းနှီးကျွမ်းဝင်နေခဲ့ခြင်းကြောင့်ပင် ဖြစ်၏။
ထိုသို့ ရင်းနှီးကျွမ်းဝင်မှု မှာ စိတ်ဝိညာဉ်အထိ စွဲထင်နေခဲ့သည်။သူ၏ ခန္ဓာကိုယ်ပြောင်းလဲသွားသည့်တိုင် စိတ်ထဲမှ ရင်းနှီးကျွမ်းဝင်မှု က အလိုအလျောက် မှတ်မိသိရှိနေခဲ့ပေသည်။
မူလက ယီယွမ်က နှိမ့်ချနေထိုင်မည်ဟု စဉ်းစားထားခဲ့သော်လည်း ထိုဆေးဖက်ဝင်ပစ္စည်းများကို ထိတွေ့လိုက်ရသောအခါတွင် လျင်မြန်စွာ ပြင်ဆင်လိုက်ပြီး ဆေးစွမ်းအင်ကိုပါ သန့်စင်ဖော်စပ်လိုက်ပေ၏။
အခြားသူများက ဆေးဖက်ဝင်ပစ္စည်းများကို တိတိကျကျ တိုင်းတာပြီးမှသာ ပြင်ဆင်ရဲပြီး လွယ်လင့်တကူ ပြင်ဆင်ရဲခြင်း မရှိကြပေ။သို့သော် ယီယွမ်က ကြုံရာကျပန်း ရွေးချယ်ယူလိုက်ပြီး ပြင်ဆင်လိုက်သည့်တိုင် ဆေးဖက်ဝင်ပစ္စည်းများ၏ ပမာဏသည် အတိအကျပင် ဖြစ်ပေသည်။
ထိုစွမ်းရည်ကို လေ့ကျင့်မှုအကြိမ်ရေပေါင်း သန်းပေါင်းများစွာအထိ လုပ်ဆောင်ဖူးမှသာ ရရှိနိုင်ပေ၏။
ဖိန်လျှိုချင် က ယီယွမ်ကို ကြည့်လိုက်ပြီး မည်သို့ပြောရမည်ကို မသိတော့ပေ။
အဆင့်(1)ဆေးလုံးကို ဖော်စပ်သန့်စင်ရတာ ဒီလိုလွယ်ကူတယ်လား…..
“မင်းကြိုက်သလိုသာလုပ်တော့...ငါ စိတ်တည်ငြိမ်အောင်လုပ်ဖို့ တိတ်ဆိတ်တဲ့အခန်းထဲ ပြန်သွားလိုက်ဦးမယ်…..”
ထိုသို့ပြောဆိုပြီးနောက် ဖိန်လျှိုချင် က တိတ်ဆိတ်သော အခန်းထဲသို့ နောက်တစ်ကြိမ်ထပ်မံ ဝင်ရောက်သွားခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...